By MPA
မြန်မာနိုင်ငံအကျဥ်းထောင်အသီးသီးရှိ အမျိုး သမီးအကျဥ်းသူများကို အမျိုးသမီးလစဥ် သုံး ပစ္စည်းများလောက်ငှစွာ မဖြန့်ဝေနိုင်၍ ယင်းတို့်အား သန္ဓေတားဆေး ထိုးပေးနေသည်ဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း သတင်းရရှိသည်။
အမျိုးသမီးအကျဥ်းသူများထဲမှ သွေးဆုံးပြီး ဖြစ်သည့် အကျဥ်းသူများနှင့် ကိုယ်ဝန်ဆောင် အကျဥ်းသူများမှလွဲ၍ ကျန်အကျဥ်းသူများအား လုံးကို လစဥ်သုံးပစ္စည်းများအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
” အကျဥ်းသူတွေကို လစဥ်သုံးပစ္စည်းတွေ မပေးနိုင်ဘူးဆိုတဲ့သတင်းက မဟုတ်ပါဘူး။ ဒီအကျဥ်းသူတွေထဲကမှ သုံးဖို့မလိုတဲ့ သွေးဆုံးပြီးတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကလွဲရင် ကျန်တဲ့သူတွေအကုန်လုံးကို ကျွန်တော်တို့ အကျဥ်းဦးစီး ဘတ်ဂျက်ထဲကနေသုံးပြီးတော့ လစဥ်ပေးဝေနေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး အကျဥ်းဦး စီးညွှန်ကြားရေးမှူးက MPAသို့ပြောသည်။
အဓမ္မပြုကျင့်ခံရမှုများနှင့် ပတ်သက်၍ အ ကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိလာသော အကျဥ်းသူများကိုသာ သန္ဓေတားဆေးထိုးနှံပေးခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့– ICRC၏ထုတ်ပြန်ခဲ့သည့် အကြံ ပြုချက်များအတိုင်းအမျိုးသမီးလစဥ်သုံးပစ္စည်း များကို ဖြန့် ဝေပေးလျက်ရှိကြောင်း ၄င်းက ပြော ဆိုသည်။
အမျိုးသမီးများလစဥ် ဓမ္မတာလာခြင်းအား သ န္ဓေတားဆေးထိုးနှံပေးရုံဖြင့် တားဆီးနိုင်ခြင်း မရှိကြောင်းကိုလည်း ဆေးပညာဆိုင်ရာကျွမ်းကျင် သူများက မှတ်ချက်ပြု ပြောဆိုထားသည်။
လတ်တလောတွင် ထားဝယ်မြို့အကျဥ်းထောင်တွင်အမျိုးသမီးအကျဥ်းသူများ ရာသီသွေးဆင်း နေခြင်းအား လစဥ်သုံးဂွမ်းထုပ်မပေးဘဲ သန္ဓေတားဆေးများထိုး၍ တားဆီးနေပြီး လူ့အခွင့်အ ရေးချိုးဖောက်ခြင်းခံနေရသည်ဆိုသည့် သတင်း ဌာနတစ်ခု၏ ရေးသားချက်အပေါ် အကျဥ်းဦးစီး ညွှန်ကြားရေးမှူးကယခုကဲ့သို့ ငြင်းဆန်ပြောကြား ခဲ့ခြင်းဖြစ်သည်။