ကရင်အမျိုးသား အစည်းအရုံး (KNU)ရဲ့ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခံရမှု ၁၆နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ The Space Youth Learning Centreမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
သုံးလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူခြောက်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရ
၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူခြောက်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း နယူးမြန်မာဖောင်ဒေးရှင်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွားများဖြစ်ပွားနေပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ပြ၊ ကျေးလက်တောရွာများကို...