အင်းစိန်အောင်ဆန်းဈေးအနီး မဟာမြိုင်လမ်း၊ရပ်ကွက်ရုံးကို From Zero to Heroမှ ဗုံးနှစ်လုံးခွဲခဲ့ရာ အုပ်ချုပ်ရေးမှုးအပါအဝင် ရုံးတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ၃ဦးထက်မနည်း သေဆုံးနိုင်ကြောင်းသိရသည်။
ယနေ့ည ၁၀နာရီ ၃၅မိနစ်ခန့်က အင်းစိန်မြို့နယ်၊အောင်ဆန်းဈေး အရှေ့ဖက်ရှိ မဟာမြိုင်လမ်းအတွင်းက ရပ်ကွက်ရုံးအတွင်း အုပ်ချုပ်ရေးမှုးနှင့် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ သတင်းပေးများ၊အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေစဉ် အဝေးထိန်းဗုံးနှစ်လုံးဖြင့် From Zero to Hero မြို့ပြပျောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ ခုနကလေးတင်ဖောက်ခွဲခဲ့တာ။အဝေးထိန်းမိုင်းနဲ့ပေါ့။အသေအပျောက်ရှိတယ်။ညဘက်လူထိုင်တဲ့အချိန် အပီတွယ်လိုက်တာ။ဘယ်သူတွေသေလဲဆိုတာတော့ လုံခြုံရေးဦးစားပေးနေရလို့ မကြည့်လိုက်နိုင်ဘူး။ ဒုတိယတစ်လုံးမှာ ပိုထိခိုက်တယ်” ဟု From Zero to Hero ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။
ရန်ကုန်အခြေစိုက် From Zero to Hero ပျောက်ကျားတပ်ဖွဲ့သည် ကိုယ်ထူကိုယ်ထ တော်လှန်ရေးရဲဘော်များနှင့် ဖွဲ့စည်းရပ်တည်ထားတာဖြစ်ပြီး တော်လှန်ရေးရေရှည်တည်တံ့နိုင်ဖို့ ရိက္ခာနှင့်ထောက်ပံ့မှုတွေ လိုအပ်လျက်ရှိကြောင်း From Zero to Hero ပြန်ကြားရေးတာဝန်ခံတစ်ဦးကရှင်းပြသည်။
“ သတင်းကြိုရလို့ စောင့်ခွဲတာ။ ရပ်ကွက်လူကြီးတွေက ညမှ ထိုင်တာမို့ ဒီည အာဏာသိမ်းတစ်နှစ်ပြည့် အနေနဲ့ ဗုံးခွဲလိုက်တာ။သေတာများလောက်တယ်” ဟု ဗုံးခွဲရာမှာ ပါဝင်ခဲ့သည့် ရန်ကုန်အခြေစိုက် From Zero to Hero မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ရက်နေ့ကလည်း ရန်ကုန်တိုင်းလှိုင်မြို့နယ်ရှိ ဘုရင့်နောင်စစ်ကြောရေးတပ်ကို ရန်ကုန်အခြေစိုက် From Zero to Hero တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဂိတ်စောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား၂ဦးထက်မနည်းသေဆုံးခဲ့သည်။
လက်ရှိမှာ အင်းစိန်မြို့နယ်အောင်ဆန်းဈေးတဝိုက်နှင့် မဟာမြိုင်လမ်းတစ်လျောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိကာ စစ်ဆေးရှာဖွေမှုများကို ရမ်းသမ်းလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။
Ward Administration Office on Maharmyaing Road Near Insein Aung San Market Bombed by From Zero to Hero; at Least 3 Henchmen of Terrorist SAC in the Office Likely Killed
By MPA
The From Zero to Hero bombed a ward administration office on Maharmyaing road near Insein Aung San Market and at least 3 henchmen of the terrorist SAC including the ward administrator were likely killed.
The From Zero to Hero urban guerilla force attacked the ward administration office on Maharmyaing road, in the east of Insein township’s Aung San market, with two remote-controlled bombs at 10:35pm tonight while the ward administrator, terrorist SAC henchmen, informants and SAC troops were present in the office.
“We just carried out the explosion. With remote-controlled mines. There were casualties. We did it when
one was sitting on the right. We didn’t take a look at who were killed as we were focusing on security. The second one was certainly more damaging”, an information officer of From Zero to Hero said.
The Yangon-based From Zero to Hero urban guerrilla force is composed of revolutionary comrades and for the long sustainability of the revolution, food supplies are needed, an information officer of From Zero to Hero explained.
“We waited and carried out explosion as we got the news in advance. As heads of the ward tend to sit down at night, we carried out the explosion as a remembrance of the full one year of the coup. Many were likely killed’, a member of the Yangon-based From Zero to Hero urban guerilla force said.
Last January 28 as well, the Yangon-based From Zero to Hero urban guerilla force carried out a bomb attack on Bayintnaung Interrogation army in Hlaing Thar Yar township and two guards of the gate were killed and at least 2 SAC troops were killed.
Currently, terrorist SAC troops have arrived around Insein township’s Aung San market and along Maharmyaing road; they are carrying out arbitrary checks, according to the residents.