ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ် မှ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးသေနတ်ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်း မီတာရုံးအနီး ယနေ့နံနက် ၆နာရီ ၄၅မိနစ်တွင် ချိန်ကိိုက်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက် စကစတပ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူသုံးဦး သေနတ်ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံးခဲ့သည်။
” မနက်က ၇နာရီလောက်ပေါ့။ကျန်တဲ့နှစ်ယောက်က သေနတ်ဒဏ်ရာရပြီးပြေးတယ်။တစ်ယောက်ကတော့ မလှုပ်နိုင်တော့ဘူး။နေရာမှာ ပွဲချင်းပြီးပဲ ” ဟု နတ်စင်လမ်းမှာ နေထိုင်သူတစ်ဦးက ရှင်းပြသည်။
ယခုလို ပြည်သူတစ်ဦး သေဆုံးမှုကြောင့် နတ်စင်လမ်းမကြီး အလယ်မှာ လက်လုပ်မိုင်းတစ်လုံး ယနေ့နံနက် ၇နာရီ၊၄၇မိနစ်က ထပ်မံပေါက်ကွဲခဲ့ပါသည်။ ဒီ့အပြင် ကြည့်မြင်တိုင်၊စာတိုက်မှတ်တိုင်အနီး ယနေ့နံနက် ၈နာရီ၊၄၂မိနစ်ခန့်က ပြင်းအား အဆင့် ၃၊မိုင်းလုံး ထပ်မံပေါက်ကွဲခဲ့သည်။
“ ပေါက်ကွဲမှုက သုံးကြိမ်ပေါ့။ဒလန်ပေါတဲ့ကြည့်မြင်တိုင်မှာ ဘုရား၊တရား၊သံဃာဆိုပြီး ရတနာသုံးပါး ပြလိုက်တာပါ။ပြည်သူတွေ သပိတ်ကို ပိုလုပ်ချင်စိတ်ဖြစ်သွားတာပေါ့” ဟု ကြည့်မြင်တိုင်၊မြို့ပြပျောက်ကျား တပ်ဖွဲ့ ဝင်တစ်ဦးက ရှင်းပြသည်။
ယနေ့ Silent သပိတ်မစတင်မှီ နံနက်ပိုင်းအတွင်း ရန်ကုန်မြို့ မြို့နယ်ကြီး၈ခုမှာ အပြန်အလှန်ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုဖြစ်စဉ် ၁၈ခုထက်မနည်း ဖြစ်ပွားခဲ့သည်။
One Civilian Killed and Two Sustained Gunshot Wounds in Kyimyingdaing due to Terrorist SAC Military’s Shooting
By MPA
On February 1, one civilian was killed and two got gunshot wounds in Kyimyingdaing township due to the shooting of the terrorist SAC military.
After a time bomb exploded near a meter office on Nat Sin road this morning at 6:45 in Kyimyingdaing township of Yangon region, three civilians were shot and one died in the arbitrary shootings of the terrorist SAC troops.
“It was at around 7 in the morning. Two got gun wounds and ran. One couldn’t move anymore. He was dead on the spot’, said one who lives on Nat Sin road.
Due to the death of a civilian in the middle of Nat Sin main road, a hand-made mine was exploded again this morning at 7:45. Plus, a level 3 intensity mine was exploded again this morning near Sartaik bus stop in Kyimyingdaing.
“It exploded three times. In Kyimyindaing where there are many informants, the three jewels: Buddha, Dharma and Sangha were shown. The people got motivation to conduct more strikes”, said a member of urban guerilla in Kyimyindaing.
Today, before the beginning of Silent Strike in the morning, there were exchanges of shots and at least eighteen explosions in eight major townships in Yangon.