ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထလန်ရောန်ရွာသစ်ရှိနေအိမ်များကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ၁၄ရက်နေ့ တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
နံနက်၁၁နာရီခန့်မှ စတင်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကာ ဒေသခံများ၏ နေအိမ်၈လုံးအထိ မီးလောင်ကျွမ်းပျက်ဆီးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
“ မနက်၁၁နာရီတည်းကရှို့နေတာဗျ။ အခုအိမ်၈အိမ်လောက်ပါသွားပါပြီ။ အခုထိရှို့နေတုန်းပါပဲ ” ဟု ဒေသခံတစ်ဦးက MPAသို့ပြောသည်။
ချင်းပြည်နယ် ဖလမ်းတွင် အကြမ်းဖက်စစ်တပ်က ခလရ၂၆၈တပ်တွင်း၊ ဖလမ်း-ဟားခါးလမ်းတလျှောက်တွင် နေရာယူထားလျက်ရှိနေပြီး လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။
“လက်နက်ကြီးနဲ့ပစ်တာလည်းလုပ်တယ်။ ထလရောရ်ရွာထဲကိုတော့ မဟုတ်ဘူး။ ပြောရရင် ကြောက်အောင်ခြောက်တဲ့သဘောပေါ့။ သူတို့ရဲ့ နောက်ဆုံးနည်းလမ်းကိုထုတ်သုံးတယ်လို့ ထင်ပါတယ် ”ဟု ဒေသခံကဆိုသည်။
ဖလမ်းမြို့ရှိ လုံပီး၊လုံးရန်ရပ်ကွက်အတွင်း၌လည်း စက်တင်ဘာလ၁၃ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ တပ်သားများက ပြည်သူပိုင် ကြက်၊ ဝက်၊ ဆိတ်များကို ပစ်သတ်ခြင်း၊ ပြည်သူပိုင်နေအိမ်များမှဆန်၊ ဆီ၊ ဆားများ ခိုးယူသွားခြင်းများ ပြုလုပ်ခဲ့သေးသည်။
အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာလ၁၃ရက်နေ့တွင် ချင်းပြည်နယ်ရှိ မင်းတပ်၊ ဖလမ်း အစရှိသည့် မြို့နယ်များသို့ စစ်အားအင်တိိုးချဲ့မှုများ ပြုလုပ်လျက်ရှိနေပြီး ဟားခါးမြို့နယ်မှလွဲ၍ အင်တာနက်ဖြတ်တောက်ခြင်းများ ပြုလုပ်ထားသဖြင့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များရရှိရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေသည်။
#ဖလမ်း#မီးရှို့#အကြမ်းဖက်စစ်ကောင်စီ#MPA
Terrorist Military Burns Houses in Falam Town’s new Talanron Village
By MPA
The terrorist military has destroyed and burnt down houses in Talanron village of Falam township, Chin State, on September 14.
It was set on fire since around 11 in the morning and it is still burning and eight local resident’s houses have been destroyed, according to local residents.
“They were set on fire since 11am. Now, about eight homes have been burnt down. They’re still setting fire”, said a local to MPA.
In Falam of Chin State, the terrorist military takes its base at KhaLaYa 268, along Falam-Hakha road and they are shooting artillery shells into villages.
“They also fire shells. Not into Talaron village though. I guess it’s kind of like threatening. I think they are using their last resort method”, said a local resident.
Also on September 13 in Lonpi and Lonyan quarters, the terrorist military shot and killed people’s chickens, pigs and goats and stole rice bags, cooking oil and salt from people’s properties.
On October 13, the terrorist military reinforced its forces in Chin State’s Mindat, Falam and as the internet is shut down except for Hakha, it’s challenging to obtain news of the military’s atrocities.