ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲကို မဲဆောက်မြို့ရှိ The Space Learning Center၌ ကျင်းပခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အမျိုးသမီးများ ပူးပေါင်းပါဝင် နိုင်စွမ်း ပိုမိုမြင့်တက်လာစေရန်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန် ရည်ရွယ်ပြီး ယခုပွဲအား ကျင်းပခြင်းဖြစ် ကြောင်း The Space မှ Program Officer နွေဦးကိုကိုက ပြောသည်။
“ မတ်လ ၈ရက်နေ့ရောက်တိုင်း အမျိုးသမီးများနေ့ဆိုတာကို သိစေချင်တာကြောင့်ရယ်၊ ပြီးတော့ မဲဆောက်ကို ရောက်လာကြတဲ့ ကျတော်တို့ အင်အားစုတွေက အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှု အားတွေ ပိုမိုမြင့်တက်လာဖို့ရယ်၊ သူတို့ရဲ့အသံတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်လုပ်ဖြစ်တာပါ” ဟု နွေဦးကိုကိုက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပြုလုပ်နေသည့်အပေါ် ဆန့်ကျင်သ ည့်အနေဖြင့် ၎င်းပွဲကို ပြုလုပ်ဖြစ်ခဲ့ကြောင်းနှင့် အမျိုးသမီးများ၏ အခန်းဏ္ဍကို ပေါ်ပေါ်လွင်လွင်ဖြင့် ထုတ်ဖော်ပြသနိုင်ရန်ဖြစ်ကြောင်း နွေဦးကိုကိုးက ဆက်လက်ရှင်းပြသည်။
” ဒီလိုပွဲလေးတွေ ရှိတာကောင်းပါတယ်။ ကျမတို့ အမျိုးသမီးတွေက ဘယ်နေရာမဆို အသံတိတ်နေလို့ မရဘူး။ ကျမတို့မှာလည်း အခွင့်အရေးရှိပါတယ်။ အခုလို အမျိုးသမီးတွေကို တလေးတစားနဲ့ ပြုလုပ်ပေးတဲ့ပွဲလေးမို့ အရမ်းသဘောကျ စရာကောင်းပါတယ်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲကို မနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီအထိ ကျင်းပခဲ့ပြီး အမျိုးသမီးများနေ့အကြောင်း ဟောပြောပွဲများ၊ စိတ်အပန်းဖြေစရာ ဂိမ်းအစီအစဥ်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။