ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် TNLA တပ်က စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းအယောက် ၂၀ ခန့်ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရပါသည်။
တအာင်း(ပလောင်)ဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့အပြင် နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်လုံးနှင့် ကွတ်ခိုင်မြို့ကို TNLA က ထိန်းချုပ်ခဲ့နိုင်ခဲ့ပြီးနောက် လားရှို့မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပြီး နမ္မတူမြို့အတွင်း ပြန်လည်စည်ကားလျက်ရှိနေသည်ကို ဓာတ်ပုံသတင်းအဖြစ်ဖော်ပြလိုက်ပါသည်။