By MPA
စစ်ကိုင်းတိုင်းဒေသကြီးါ၊ မင်းကင်းမြို့နယ်၊ ပိက္ခယားကျေးရွာ အနောက်ဘက်ခြမ်းအား စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ပခုံထမ်းလောင်ချာ RPG လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိ သည်။
ယင်းသို့ စစ်တပ်က ပစ်ခတ်ခဲ့မှုကြောင့် ရွာအတွင်း Stay home နေထိုင်နေကြသော ရွာသားများမှာ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။
“ ကြာပင်ရွာဘက်က ဒလန်တစ်ယောက်က သတင်းပေးလို့ ပိက္ခယားရွာဘက်မှာ PDF တွေ ခိုနေတယ်ဆိုပြီး စစ်တပ်က အင်အား ၅၀ လောက် ရောက်လာပြီး တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ကို အဲ့ရွာ နောက်ဘက်ထဲကို RPG တွေနဲ့ ပစ်နေတာ။ ရွာထဲကလူတွေလည်း ရှောင်နေရတယ်” ဟု မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက MPAသို့ ပြောသည်။
မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ပိက္ခယားရွာ အနောက်တစ်ကြောဘက်ကို စစ်ကောင်စီက ကား သုံးစီး၊ အင်အား ၅၀ ခန့်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသလို ကြာပင်ရွာတွင် စစ်သားအင်အား ၂၅ ဦးက ကား နှစ်စီးဖြင့် ကျန်ရစ်ကာ ယာယီတပ်ချနေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
မင်းကင်းမြို့အတွင်း ဒေသခံကာကွယ်ရေးတပ် ဖွဲ့-PDF(မင်းကင်း)နှင့် စစ်ကောင်စီတပ်များ တိုက် ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ဖိနှိပ်ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
#မင်းကင်း #စစ်ကောင်စီ #လက်နက်ကြီး #ရမ်းသမ်းပစ်ခတ် #MPA
တန့်ယန်းမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးနီးပါးပျက်စီး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ၂၀၂၄ခုနှစ်၊ ဧပြီ ၉ရက်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀လုံးပျက်စီးကာ ဓာတ်တိုင်များလဲကျမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ထိုကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များသည် တန့်ယန်းမြို့ရှိ ရပ်ကွက် ၂၊ ရပ်ကွက်...