စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို PDF ပူပေါင်းတပ်ဖွဲ့က ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၆ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် မုံရွာမြို့အဝင် စွမ်းရည်ထက်ဆီဆိုင်အနီးရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ကြောင်း ေဒါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ခံကပြောသည်။
“ဒီ၂ ရက်အတွင်းတော့ အင်အားတိုးထားတယ်၊ ၆၀ လောက်ရှိတယ်။စစ်ဆေးတဲ့နေရာတော့မချပါဘူး။ပြည်သူအသွားအလာတွေရှိနေလို့။သူတို့နေတဲ့ဂိတ်စခန်းထဲကိုပဲချခဲ့တာပါ”ဟု၎င်းကပြောသည်။
ဗုံးကြဲခံရပြီးနောက် စစ်သားများက လက်နက်ကြီးဖြင့် ၁ ချက်နှင့် လက်နက်ငယ်ဖြင့် အချက် ၃၀ ထက်မနည်းပြန်လည်ပစ်ခတ်သော်လည်း PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်သားများထိခိုက်၊သေဆုံးမှုကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး ကဆိုသည်။
” စွမ်းရည်ထက်မှာက ပုံမှန်အားဖြင့် ၃၀ ဝန်းကျင်လောက်ပဲရှိတာ။သူတို့ဘက်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်တယ်။ အထိအခိုက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team-3 PDAF၊Team-4 SSTF၊မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ(၃) တပ်ခွဲ(၄)၊မုံရွာ(ပကဖ)Wings Of Kalay၊ကျောက်လုံးကြီး KLG တပ်မဟာ၊အနောက်ပိုင်းတိုက်ခိုက်ရေး(၀၀၁)CDSOM၊MRTF အရာတော်၊စစ်ကိုင်းခရိုင်တပ်ရင်း-၄MSPDF၊Union Brothers(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီ ဇာတ်ကားထောက်ပို့အဖွဲ့၊Support To Federal Democracy၊မဖြူလေးနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။