By MPA
အာဏာသိမ်း စစ်ကောင်စီမှ အကျယ်ချုပ်ဖမ်းပြီး ပုဒ်မ ၇ ခုဖြင့် တရားစွဲခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ လက်အောက်ရှိ ပြည်သူများ ခံစားနေရသည့် စားဝတ်နေရေး ဒုက္ခများကို သိသင့်သလောက် အကဲခတ်မိကြောင်း သူ၏ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
“ကျမတို့အနေနဲ့ ပြောသင့်သလောက် အတိုင်းအတာထိ ပြောလို့ရပါတယ်။များသောအားဖြင့် အချိန်အကန့်အသတ်ကြောင့်အမှုအကြောင်းပဲ ပြောဖြစ်ပါတယ်။ အကြမ်းဖျဥ်း ပြောရရင် အမေ့အနေနဲ့ အပြင်က အခြေအနေတွေကို သိသင့်သလောက် သိနေပါတယ်” ဟု ၎င်းကဆိုသည်။
ဒီကနေ့ရုံးချိန်းတွင် နိုင်ငံတော် အတိုင်ပင်ခံသည် COVID-19 ကပ် ရောဂါ အ ခြေ အ နေနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ပြီး ပြည်သူများကို အလွန်အမင်းစိုးရိမ်ကြောင်း၊ ဂရုတစိုက် နေထိုင်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။
“ Mask တပ်ပါ။ လက် ဆေးပါ ဆိုတာ တွေတော့ ပြောပါတယ်။ အကုန်လုံးကို ပြောပါတယ်။ ကျွန်မတို့ ရှေ့ နေ တွေကိုလည်း အရမ်းကြီး ဂရုစိုက်ကြဖို့ ပေါ့။ အခုကာလမှာ ပိုပြီး တော့ ဂရုစိုက်ကြဖို့ ပြောပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ဆိုသည်။
နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ ဒေပုဒ်မ ၂၅၊ ဒေါ် အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန် ဥပ ဒေပုဒ်မ ၈၊ ဆက်သွယ် ရေး ဥပ ဒေပုဒ်မ ၆၇ တို့၏ တရားလိုပြ သက် သေများကို ယနေ့တရားခွင်တွင် စစ် ဆေးခဲ့ ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြည်သူလူထု အနေဖြင့် ကုန်စျေးနှုန်း ကြီးမြင့်မှုများကြောင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရပြီး တကျော့ပြန် ကိုဗစ် ရောဂါကူးစက်မှုကိုလည်း ခံစားနေရချိန်ဖြစ်သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ကူးစက်သူ ၁၅၃၀၀၀ ကျော်အနက် သေဆုံးသူ ၃၂၀၀ ကျော်ရှိနေပြီး တလအတွင်း stay at home ပြုလုပ်ရသည့် မြို့နယ် ၁၀ မြို့ထက်မနည်း ရှိလာပြီ ဖြစ်သည်။