By MPA CJ 023
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းအတွင်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိသွားကြောင်း ABSDF Column-3 ထံမှ သိရသည်။
မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး အင်အား ၅၀ ခန့်သည် တောင်ခင်ရန်း ကျေးရွာအတွင်း ရိက္ခာများ လုယက်ရန် ရည်ရွယ်ထွက်လာစဥ် ABSDF တပ်ရင်း -၁၂ နှင့် ဒေသခံ ပကဖတို့ ပူးပေါင်းပြီး ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရဲစခန်းက အခိုင်မာ တည်ဆောက်ထားတဲ့ စခန်း။ ရဲနဲ့ စစ်သားကအင်အား ၄၀ လောက်ရှိတယ်။ ပျူစောထီးတွေကတော့ ဒေသခံတွေရာ အခြားရွာတွေကရော ဆိုတော့ မှန်းလို့မရဘူး။ ကျနော်တို့ တော်လှန်ရေးတပ်တွေ ထပ်ပြီးလာတိုက်မှာကြောက်လို့ ကင်းပုန်းတွေ ချထားတယ်လို့ သိရတယ်”ဟု ABSDF ၏ ပြန်ကြားရေး တာဝန်ခံရဲဘော်ပြည့်ဖြိုးကျော်က ဆက်လက်ရှင်းပြသည်။
ယင်းတိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း တောင်ခင်ရန်းရဲစခန်းမှ ၆၀ မမ များဖြင့် လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်းသိရပြီး တော်လှန်ရေးရဲဘော်များ နယ်မြေရှင်းလင်းရန်သွားစဥ် စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် မပေါက်ကွဲသေးသည့် ၆၀ မမ ၂ လုံးကို သိမ်းဆည်းရခဲ့သည်ဟု ဆိုသည်။
“ရဲစခန်းက အခိုင်မာ တည်ဆောက်ထားတဲ့ စခန်း။ ရဲနဲ့ စစ်သားကအင်အား ၄၀ လောက်ရှိတယ်။ ပျူစောထီးတွေကတော့ ဒေသခံတွေရာ အခြားရွာတွေကရော ဆိုတော့ မှန်းလို့မရဘူး။ ကျနော်တို့ တော်လှန်ရေးတပ်တွေ ထပ်ပြီးလာတိုက်မှာကြောက်လို့ ကင်းပုန်းတွေ ချထားတယ်လို့ သိရတယ်”ဟု ABSDF တပ်ရင်း-၁၂ မှ ရဲဘော်ပြည့်ဖြိုးကျော်က ဆက်လက်ရှင်းပြသည်။
ယနေ့ (မေလ၊ ၂၈ ရက်) တွင် တောင်ခင်ရန်းရဲစခန်း၌ တစ်အိမ်တစ်ယောက် မလာမနေရ အစည်းဝေးခေါ်ဆိုနေကြောင်းသိရပြီး ၎င်းတို့နှင့် မပတ်သက်ချင်သည့် ပြည်သူအချို့အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရသည်ဟု စုံစမ်းသိရှိရသည်။