မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်အတွင်းရှိ နီကယ်စက်ရုံမှ တ ကောင်းမြို့ဘက်သို့ ဆင်းလာသည့်အ င်အား ၅၀ ခန့်ပါ စစ်ကားတစ်စီးအား ဧပြီလ ၂၉ ရက်၊မနေ့က မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကြောင်း တကောင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို မြနန္ဒါရွာအနီးတွင် ရှေ့ထွက်မိုင်း ၅ လုံး၊ပဒေ သာမိုင်း ၇ လုံး၊မတောင်အကျော်အနီးတွင် မိုင်း ၂ လုံး ထပ်မံဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်တွင်ပါလာသည့်စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးကြသဖြင့် ပြန်လည်ပစ်ခတ်ခြင်းများပင် မပြုလုပ်နိုင်ကြောင်းလည်း ဆိုသည်။
” နီကယ်စက်ရုံထဲမှာ စစ်ကောင်စီတပ် သားတွေရှိတယ်။အင်အားဘယ်လော က်ဆိုတာမခန့်မှန်းနိုင်ပေမယ့်တော် တော်များများ အဲထဲမှာရှိတယ်။တွဲကားနဲ့လိုက်လာတဲ့အင်အား ၅၀ ထဲမှာဒဏ် ရာရတဲ့ စစ်သားတွေလည်း ပါတယ်။” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတ ပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရှိကြောင်းနှင့် ကားလည်းထိခိုက်ပျက်စီးသွားကာကားလမ်းတစ်လျှောက် အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်သွားကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့်ဧပြီလ ၂၄ ရက်နေ့ကလည်အင်းနက်ရွာအနီးတွင် စစ်ကားသုံးစီးကိုတကောင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင့်လည်း ဆိုသည်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနော က်ပိုင်း မြန်မာပြည်အနှံ့အပြားတွင် လ က်နက်ကိုင်ခုခံတော်လှန်မှုများပေါ် ပေါက်လာခဲ့သည်။
ထို့ကြောင့် မြန်မာပြည်အနှံ့အပြားတွင်နေ့စဥ်နေ့တိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံနေကြရပြီးထိခိုက်သေဆုံးဒဏ်ရာရမှုများဖြစ်ပေါ်နေသည်။