မန္တလေးမြို့၊မဟာအောင်မြေနှင့်ချမ်းအေးသာဇံမြို့နယ်အတွင်းရှိ လူဦးရေစာရင်းကောက်ခံနေ သည့် နေရာများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ဟေမမာလာ(တောင်)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ချမ်းအေးသာဇံမြို့နယ်၊ ၈၃လမ်း၊ ၃၀×၃၁ကြားကအောင်နန်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး အိမ်ထောင်စုစာရင်းစစ်နေသည့်နေရာနှင့် ယာဉ်ထိန်းရဲစစ်ဆေးသည့် နေရာကြားကို ဇန်နဝါရီ ၁၄ရက်နေ့ နေ့ခင်းပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Acid Army PDF Mandalay အဖွဲ့ထံက သိရသည်။
” လက်ပစ်ဗုံးနဲ့ပစ်သွင်းတိုက်ခိုက်ခဲ့တာပါ၊အထိအခိုက်မသိရသေးပါဘူး” လို့ မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီ ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ အတွက်ကူညီနေကြသည့် အုပ်ချုပ်ရေးမှူး၊ဆယ်အိမ်မှူးနဲ့ရာအိမ်မှူးတို့ကိုစစ်ရေးပစ်မှတ်အနေနှင့် တိုက်ခိုက်သွားတော့မည်ဟုလည်း သတိပေးထားသည်။
“အုန်းခနဲ အသံကြားတာနဲ့ အကုန်ပြေးကြတာပဲ။ကျွန်မတို့က ကိုယ်တွေပြည်သူကိုမလုပ်မှန်းသိပေမဲ့ ခွေးတွေက ရမ်းပစ်ကာ ခံရမှာစိုးလို့ အိမ်ထဲ ဝင်ပြေးရတယ်”ဟု ဟေမမာလာ(တောင်)ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
မန္တလေးမြို့၊ သင်ပန်းကုန်းရဲစခန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်ရုံးကို ဇန်နဝါရီ ၁၂ရက်နေ့ညနေပိုင်းက မြနန္ဒာစစ်ဆင်ရေးအဖွဲ့နှင့် Acid Army PDF Mdy တို့ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။