ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
၂၀၂၂ခုနှစ် မေလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီး၊ တိုက်ပွဲငယ်စုစုပေါင်း (၄၄၈)ကြိမ်ဖြစ်ပွားခဲ့ပါသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များဘက်မှ (၃၀၃) ဦးသေဆုံးပြီး (၂၁၅)ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များများဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၇)ဦးအသက်စွန်ခဲ့ ပြီး(၂၆ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လေယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ(၆)ဦးသေဆုံးကာ (၂၁)ဦးထိခိုက်ဒါဏ်ရာရှိခဲ့ပါသည်။