ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်အင်းစိန်လမ်းမပေါ်ရှိ ဘူတာရုံမှတ်တိုင်အနီးတွင် ဒီကနေ့ညနေနပိုင်း(၃နာရီကျော်)တွင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
“ ကျနော်တို့ရှေ့တွင်ပေါက်ကွဲတာကိုတွေံခဲ့ရတာပါ။အသံကြားတာနဲ့ပြေးရတာပါ။ဘူတာရုံမှတ်တိုင်နားမှာဖြစ်တာပါ။ ဒဏ်ရာရတဲ့လူတွေတော့ရှိတယ် လူနာသယ်တဲ့ကားတစ်စီး၀င်သွားတာတွေ့တယ်။ ” ဟု ခရီးသွားတစ်ဦးက MPAသို့ပြောသည်။
ဘူတာရုံအနီးတွင် လျှပ်စစ်မီတာရုံးတစ်ခုရှိကာ အစောင့်အကြပ် များရှိသည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို အတည်ပြုနိုင်သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းဆဲဖြစ်သည်။
လက်ရှိအချိန်တွင် လှည်းတန်းဘက်သွားသည့်လမ်းကိုပိတ်လိုက်ပြီးစစ်ဆေးများပြုလုပ်နေသည်ဟုသိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်ရှိနေရာအတော်များများတွင် အကြမ်းဖက်စစ်တပ်၏ခြေကုပ်စခန်းများကို မြို့ပြပြောက်ကျားအဖွဲ့များမှတိုက်ခိုက်လျက်ရှိနေသည်။
လှိုင်မြို့နယ်အတွင်း အဆိုပါ အင်းစိန်လမ်းနှင့် ဗဟိုလမ်းပေါ်တွင် ဗုံးပေါက်ကွဲမှုနေ့စဉ်နီးပါး ဖြစ်ပေါ်နေသဖြင့် ရန်ကုန်မြို့စစ်ဆေးမှုအတင်းကျပ်ဆုံးလမ်းများတွင်ပါဝင်သည့်ကြားမှ ယင်းကဲ့သို့ ဗုံးကွဲမှုထပ်မံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုများပြုလုပ်နေသော်လည်းရဲတပ်ဖွဲ့ဝင်များစစ်သားများအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီးလှုပ်ရှားမှုတွင်ပါဝင်ရန်လည်းတိုက်တွန်းလျက်ရှိနေသည်။