Photo – MPA
“ တိုက်ပိတ်လိုက်လို့ငြိမ်သွားမယ့်အထဲမှာအမှန်တရားမပါဘူး” သပိတ်စစ်ကြောင်းကို ဇူလိုင် ၃၀ရက်နေ့ ညနေပိုင်းက ရန်ကုန်မြိုံ့ တာမွေသဓိပဌာန်လမ်း တွင် ပြုလုပ်ရာ အကြမ်းဖက်စစ်တပ်က အရပ်၀တ်များဖြင့်လာရောက်ပစ်ခတ်ခဲ့သည်။
သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် လူငယ် နှစ်ဦးခန့်ဖမ်းဆီးခံရပြီး အဆက်အသွယ်မရရှိသူ ၆ ဦးခန့်ရှိကြောင်း သိရသည်။
” ကျနော်တို့ကလေစစ်အုပ်စုရဲ့ဒီလိုလူမဆန်စွာဖြိုခွင်းမှုတွေဟာအာဏာသိမ်းပြီးတည်းကကြုံလာရတဲ့အခြေအနေဖြစ်တဲ့အတွက်ဒီအပေါ်မှာတော့ထူထွေပြီးတော့ပြောမနေချင်ဘူး။ဒါပေမယ့်အရပ်ဝတ်စစ်သားတွေအနေနဲ့ကသေနတ်တွေကိုဒီလိုမျိုးပေါ်ပေါ်ထင်ထင်ကိုင်ဆောင်ပြီးတော့ဖြိုခွင်းလာမှုပစ်ခတ်လာမှုရှိတဲ့အခါမှာတော့စစ်ကောင်စီတပ်သားတွေအနေနဲ့ကသူတို့တွေဒီပွဲမှာနိုင်ပြီးတော့တိုင်းပြည်နဲ့မြို့တွေကို ထိန်းချုပ်ထားနိုင်ပြီသူတို့အတွက်အေးအေးဆေးဆေးဖြစ်သွားပြီဆိုတဲ့အခြေအနေမျိုးသူတို့ကိုယ်သူတို့သတ်မျတ်ထားပုံရတယ်.အဲ့အတွက်ကျနော်တို့ကတော်လှန်ရေးမှာပိုပြီးအားစိုက်ထားဖို့လိုတယ်နောက်တချက်ကပိုပြီးတော့အသက်တွေဘဝတွေကိုဉာဏ်စောင့်ပြီးတော်လှန်ကြဖို့လိုပါတယ်။ ” ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်က မှတ်ချက်ပြုပြောဆိုသည်။
Video ကြည့်ရန်[videopress JIoeotkx]