ကရင်နီပြည်တွင် တိုက်ပွဲများတွင် အရှင်ဖမ်းမိသည့် စစ်ကောင်စီ စစ်သုံ့ပန်းများ၊ ရဲများကို ဖမ်းဆီးထားသည့် ကရင်နီအကျဉ်ထောင်တွင်ဖမ်းဆီးထိန်းသိမ်းထားလျှက်ရှိသည်။
ကရင်နီအကျဉ်းထောင်တွင် အကျဉ်သား ၈၀ ခန့်ရှိပြီး စစ်သုံ့ပန်းများ၊ ရဲများနှင့် မုဒိန်းမှု၊ ဆေးမှု ကျူးလွန်သဖြင့် ဖမ်းဆီးထားသည့် အရပ်သားများပါဝင်ကြောင်း သိရသည်။
အဆိုပါအကျဉ်းသား ၈၀ဦီးတွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်သူများရှိပြီး ထောင်တွင် အလုပ်ကျွေးပြန်လည်လုပ်ဆောင်ပေးနေသူများလည်းရှိသည်။
“ လောပိတမှာ ပြန်လည်ဖမ်းမိတဲ့ ရဲအုပ်စုဆိုရင် ထောင်ဝန်ထမ်းများနှင့်အတူတူ လက်တွဲပြီး အလုပ်လုပ်နေကြတယ် “ ဟု ကရင်နီအကျဉ်းထောင်၏ ညွန်ကြားရေးမှူးဖြစ်သူ ဆရာမင်းသားကဆိုသည်။
ဒုရဲအုပ် ဇော်ရဲထက်သည် ၂၀၂၂ ခုနှစ် ဧပြီလတွင် ဖမ်းဆီးခံရကာ ကရင်နီအကျဉ်းထောင်ဖြစ်လာချိန်တွင် တန်းစီးချုပ်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၃ခုနှစ် ဒီဇင်ဘာတွင် လွတ်ငြိမ်းချမ်းသာခွင့်ရှိသော်လည်း ကရင်နီအကျဉ်းထောင်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။
“ သက်လိုက်ဖို့ကအလွယ်လေးပဲ လက်ညှိုးလေးတစ်ချက်ကွေးလိုက်ယုံဘဲ။ ရှင်အောင်ထားဖို့ကတော့ခက်တယ်။ ကျနော်တို့ကတော့ရှင်အောင်ထားတဲ့လမ်းပဲရွေးတယ်။ “ ဟု KNDF ဒုတိယ စစ်ဦီးချုပ်ဖြစ်သည့် ကိုမာဝီကဆိုသည်။
၁၁၁၁ စစ်ဆင်ရေးစတင်သည့်ချိန်လွိုင်ကော် တက္ကသိုလ်တွင် အလံဖြူထောင် အညံ့ခံခဲ့သည့် စစ်ကောင်စီ ဗိုလ်တစ်ဦးအပါအဝင် တပ်သား၃၀ ခန့်သည်လည်း ကရင်နီအကျဉ်းထောင်တွင် ထိန်းသိမ်းခံပြီး ကျန်းမာစွာရှင်သန်နေထိုင်လျက်ရှိသည်။
“ စစ်သားတစ်ရာသေရင်တောင် ဗိုလ်မှူးကြီးတစ်ယောက်က ထမင်းစားမပျက်ဘူးဆိုတာဖြစ်နေတာ။ အဓိပ္ပါဘယ်မရှိတဲ့ရှိတဲ့အလုပ်တွေလုပ်နေမယ့်အစား အဓိပ္ပါယ်ရှိရှိနဲ့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလိုက်ပါလို့ တပ်ထဲကညီအစ်ကိုတွေကိုမှာချင်ပါတဉ် “ ကရင်နီအကျဉ်းထောင်တွင်းမှာ စစ်သုံ့ပန်းတစ်ဦီးဖြစ်သည့် ဗိုလ်ကြီး ကောင်းမြတ်ကိုက ဆိုသည်။