အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ အား လက်နက်တပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အစီအစဉ် ၁၁ ရပ်ဖြင့်ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့တက်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယနေ့သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တပ်ရင်း ၅၁၀၁ အားတပ်ဆင်သည့်လက်နက်များကို တပ်ရင်း ၅၁၀၁ တပ်ရင်းမှူး ရဲဘော်ဩကာသနှင့် တပ်ခွဲမှူး ရဲဘော်စိုင်းငယ်တို့က လက်ခံရယူပြီး တိုက်ပွဲအတွင်း ရန်သူအားထူးချွန်စွာ ချေမှုန်းနိုင်ခဲ့သော စနိုက်ပါတပ်ဖွဲ့နှင့် စည်းကမ်းရေးရာစံပြတပ်သားဆုတို့ကိုပါ ပေးအပ်ချီးမြှင့်ခဲ့သည်။