၂၀၂၃ ခုနှစ် ၊ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် KNDO ဦးစီးတော်လှန်ရေးပူးပေါင်းတပ်များက လာ့တကော(တောင်ကြာအင်း)ရဲစခန်းနှင့် စစ်တပ်စခန်း ကို တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ခဲ့သည်။
တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
တောင်ကြာအင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ် တပ်မ(၂၂) လက်အောက်ခံတပ်များ အခြေစိုက်ထားသည့် ကျေးရွာဖြစ်ပြီး တောင်ကြာအင်းတံတားထိပ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းတွင် အာဏာသိမ်းပြီးချိန်မှ စတင်ကာ အခိုင်အမာတပ်စွဲထားသည့် နေရာဖြစ်သည်။