စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊သာစည်ထောင်တွင် တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force )က ထုတ်ပြန်ထားသည်။
မတ်လ ၁၅ ရက် ည ၁၂ နာရီဝန်းကျင်တွင် မုံရွာမြို့နယ်၊ သာစည်ရွာရှိ အကျဥ်းထောင်တွင် အင်အား ၅၀ ခန့် ဖြင့် တပ်စွဲထားသော စစ်သားများကို ၆၀ မမ ၆ လုံး၊၁၂၀ မမ ၂ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့လည်း ညဘက်ဆိုတော့ ကိုယ့်ဘက်က လည်း ကျည်ကွယ်အောင် လုံခြုံရေးယူပြီးမှ ပစ်ရတာ ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ ပစ်ကြတာ။ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပါတယ်။ ရုတ်တရက်ဆိုတော့ သူတို့လည်း ပြန်မပစ်ကြဘူး။ ကျနော်တို့လည်း ထိခိုက်မှုမရှိ ပြန်ဆုတ်ခွာခဲ့တယ်”မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၂၊၃၊၄ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
မတ်လ၁၅ရက်နေ့၊ နံနက် ၅ နာရီခန့် တွင်လည်း အရာတော်မြို့နယ် ,သစ်ကျင်းကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ေကာင်စီတပ်သားများနှင့်ပျူစောထီးများကို ၆၀ မမ ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သေးရာ စစ်သားများသေဆုံးထိခိုက်မှုကို မသိရသေးကြောင်း Chindwin Attack Force ကထုတ်ပြန်ထားသည်။