Cobra Column တပ်ခွဲ – ၃က ရဲဘော်၊ ရဲမေ တော်လှန်ရေး စုံတွဲ ၅ တွဲ၏ မင်္ဂလာပွဲတွင် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘော က မင်္ဂလာလက်စွပ်များ ဆင်မြန်းပေးခဲ့သည်။
ယနေ့ မင်္ဂလာပွဲကို Cobra Column တပ်ခွဲ ၃ ၏ ဌာနချုပ်အတွင်း ကျင်းပခြင်းဖြစ်ပြီး လက်ထပ်ထိမ်းမြားပေးခြင်းကို တပ်ခွဲ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း ကော်ဘရာတပ်ခွဲ-၃ မှရဲဘော်တစ်ဦးကပြောသည်။
“ ဒီနေ့Cobra စစ်ကြောင်းမှူးရော၊ ဒုစစ်ကြောင်းမှူးရောလာတယ်။ လက်ထပ်လက်စွပ် ဆင်မြန်းပေးတာပေါ့။ အားလုံးပျော်ရွှင်ရတဲ့နေ့လေးပေါ့” ဟု ၎င်းကပြောသည်။
မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကျင်းပရန် တပ်ခွဲ ၃ ရဲဘော်များက မင်္ဂလာဆောင်မဏ္ဍပ်ကို ယနေ့မနက်က ဝိုင်းဝန်းတည်ဆောက်ပေးခဲ့သလို ဝိုင်းဝန်းချက်ပြုတ်ပေးခဲ့ကြောင်းသိရသည်။
မင်္ဂလာပွဲသို့ ကော်ဘရာ အရာရှိ၊ အရာခံများနှင့် ရဲဘော်ရဲဘက်များ တက်ရောက်ချီးမြင့်ခဲ့ကြသည်။