သုံးလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူခြောက်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရ
၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူခြောက်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း နယူးမြန်မာဖောင်ဒေးရှင်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွားများဖြစ်ပွားနေပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ပြ၊ ကျေးလက်တောရွာများကို...