ဆုံးရှုံးသွားသော နယ်မြေများကို ပြန်သိမ်းမည်ဟု မင်းအောင်လှိုင် ကြုံးဝါးလိုက် သည့် မတ်လ၂၇ ရက်တွင် ကရင်ပြည်နယ်၊ဖာပွန်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်း တပ်တို့က သိမ်းပိုက်လိုက်လေသည်။
ထို့အပြင် မတ်လ၂၇ရက်တွင်ပင် စစ်တပ်က ၃၉နှစ်ကြာ တပ်စွဲထားသော ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်ရှိ ယောယုံစခန်းအပါအဝင် စခန်း၆ခုကို ကေအိုင်အေနှင့်ပူးပေါင်းတပ်က တိုက်ခိုက်သိမ်း ပိုက်လိုက်နိုင်ခြင်းက လည်း မင်းအောင်လှိုင် မေးရိုးပေါ် ပြေးဝင်လာသည့် ဖြောင့်လက်သီး တစ်လုံးလည်း ဖြစ် သည်။
သို့သော်၊ ရာသီဥတုအကြောင်းပြချက်ဖြင့် ညနေပိုင်းသို့ပြောင်းရွှေ့ပြု လုပ်သည့် မတ်လ၂၇ရက် စစ် ရေးပြပွဲတွင် မင်းအောင်လှိုင် က မလျှော့သောဇွဲလုံ့လဖြင့် လေကြောတင်းပြခဲ့သည်။ မင်း အောင်လှိုင်က ရှမ်း မြောက်၊ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး ထိထိရောက်ရောက် ဆောင် ရွက်သွားမည်ဟု လက်သီးလမ်းမောင်းတန်းခဲ့သည်။
ယခင် နှစ်များကလည်း မတ်လ၂၇ရက် ရောက်တိုင်း ၎င်းတို့ကို ဆန့်ကျင်သော PDFနှင့် တိုင်းရင်းသား လက်နက်ကိုင်များအား ပြတ်ပြတ်သားသား ချေမှုန်းပစ်မည်ဟု မင်းအောင်လှိုင် ကြုံးဝါးမြဲမို့ ထူးဆန်းလှသည် တော့မဟုတ်ပေ။
ထိုသို့ကြုံးဝါးရင်းဖြင့်ပင် ၁၀၂၇စစ်ဆင်ရေး၏ အရှိန်အဟုန်ပြင်းသည့် တိုက်ခိုက်မှုအောက်တွင် ရှမ်း မြောက်တခွင်ရှိ မဆုတ်တမ်းခံစစ်စခန်းများနှင့် ငါ့မသေ ငါ့စခန်းမကျစေ ရဟု ကမ္ပည်းထိုးထားသော စခန်း များစွာနှင့် မြို့ပေါင်း၁၇မြို့ ညီနောင်၃ဖွဲ့လက်ထဲ ထိုးအပ်ခဲ့ရသည်။ ထို့အပြင် လားရှိုးနှင့်ပြင်ဦးလွင်ကိုပါ ထိုးအပ်ရတော့မည့်အခြေအနေနှင့် နောက်ဆက်တွဲ မန္တလေးပင် အန္တရာယ်မကင်းလာနိုင်ခြေအရ တရုတ် ကို ရှိခိုးဦးတင်ကာ တရုတ်ဖိအားဖြင့် ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ရခြင်းမှာ မင်းအောင်လှိုင်မျက်နှာပေါ် ရာသက်ပန် ထင်းနေသည့် အမာရွတ်လည်း ဖြစ်သည်။
မင်းအောင်လှိုင်၏ ဂီလာနတပ်မှာ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တော့ လည်း ရှုံးလိုက်မည်ဆိုသည်ချည်း။ လတ်တလောမျက်မြင်အရ ချင်းပြည်နယ်၊ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်အ တွင်းရှိ မြို့ ၈မြို့တို့သည် AA လက်အောက်သို့ ကျရောက်ခဲ့ပြီဖြစ်သလို ဘူးသီးတောင်၊မောင်တောသည်လည်း နေ့လားညလား။ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ပင်လျှင် မဟန်တော့သည့်အခြေအနေ။
မတ်လ၇ရက်က စတင်လိုက်သော ကေအိုင်အေနှင့်မဟာမိတ်တို့၏ ထိုးစစ်သည် ၃ပတ်ကျော်အကြာ တွင် တပ်ရင်းနှင့် ဗျူဟာစခန်းများအပါအဝင် တပ်စခန်းပေါင်း ၅၀ကျော်နှင့် မတ်လ၂၉ရက်၌ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီဖြစ်သည်။
လွယ်ဂျယ်မြို့သည် ကေအိုင်အေထိုးစစ်အတွင်း ပထမဆုံးသိမ်းပိုက်ခဲ့သော မြို့ဖြစ်သလို မတ်၇ရက် တွင်ပင် အရှိန်မြှင့်ခဲ့သော KNLAနှင့်ပူးပေါင်းတပ်တို့၏ စစ်ဆင်ရေးသည်လည်း ပထမဆုံးအကြိမ်အဖြစ် ဖာပွန် မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ယင်းသည် မအောင်မြင်သောအာဏာသိမ်းပွဲနောက်ပိုင်း ကေအဲန်ယူ၏ ပထ မဆုံး သိမ်းပိုက်နိုင်ခဲ့သော မြို့လည်းဖြစ်သည်။
ထို့အပြင် ကော့ကရိတ်မြို့ကိုလည်း KNLAနှင့်ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းထားနိုင်ပြီဖြစ်သလို မြဝတီမြို့နှင့်၁၀မိုင်ခန့်သာဝေးသော သင်္ဃန်းညီနောင်အခြေစိုက်စစ်တပ်တို့သည်လည်း မပြေးလျှင် သေရမည့် ကိန်းသို့ ဆိုက်ရောက်နေပြီမို့ လေကြောင်းတိုက်ခိုက်မှုဖြင့်သာ အလူးအလဲ ခုခံနေရပြီ ဖြစ်သည်။သင်္ဃန်း ညီ နောင် ပွဲပြီးသွားလျှင် မြဝတီမြို့ကို ကောက်သိမ်းနိုင်ရေးအ တွက် သိပ်အားထည့်စရာပင် မလိုတော့။
ကရင်နီပြည်နယ်ဆိုလျှင်လည်း မြို့တော်လွိုင်ကော်၏ မြို့ပေါ်ဧရိယာများစွာကို တော်လှန်ရေးအင် အားစုက ထိန်းချုပ်ထားပြီးဖြစ်သလို ရှားတော၊မယ်စဲ့၊ မော်ချီးနှင့် ရွာသစ်မြို့တို့ကို အလုံးစုံ သိမ်းပိုက်ထားရုံ တင်မက ကရင်နီပြည်နယ်ဧရိယာ၏ ရာခိုင်နှုန်း၉၀ခန့်ကို တော်လှန်ရေးတပ်တို့က ထိန်းချုပ်ထားနိုင်ပြီဖြစ် သည်။
မင်းအောင်လှိုင်၏ ဂီလာနတပ်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးရာတွင် အိမ်နီးချင်း လာအိုနိုင်ငံမှလွဲ ၍ တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံသို့ရောက်သည်အထိ အပြေးသန်ခဲ့သည်။ဂီလာနတပ်သည် တိုက်တိုင်းသေပြီး တိုက်တိုင်းအညံ့ခံနေရသော်လည်း မင်းအောင်လှိုင်မှာမူ နေပြည်တော်ကျည်လုံမှန်ခန်းထဲမှ နေ၍ လေလုံးထွားလျက်ပင်ဖြစ်သည်။
မင်းအောင်လှိုင်တွင် ထွားစရာ လေလုံးသာရှိသဖြင့် ဆက်လက်လေလုံးထွားဦးမည်သာဖြစ်သည်။ လေလုံးထွားလျက်ဖြစ်ပင် ဆိုးအောက်(Sold Out) ဟူသောအသံကိုလည်း မမြင်ရ မကြားရလေအောင် မျက်လုံးနှင့်နားကို ပြတ်ပြတ်သားသား ကန်းချင်ယောင်ဆောင်ရဦးမည်ဖြစ်သည်။ထိုသို့ ကန်းချင်ယောင် ဆောင် ရင်း မင်းအောင် လှိုင် ဆိုးအောက်ဟု ပြည်သူတို့ သံပြိုင် ဟစ်အော်ရမည့်အချိန်သည်လည်း တဖြည်း ဖြည်း နီးကပ်လာနေသည် မှာ အသေအချာပင်ဖြစ်သည်။