By MPA
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်မင်းထန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကအောက်တိုဘာလ၇ရက်နေ့နေ့လယ်ပိုင်းတွင်မွှေနှောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနေအိမ်၅လုံးကိုမီးရှို့ကာ ဘုန်းကြီး၆ပါးကိုဖမ်းဆီးသွားခဲ့သည်။
အောက်တိုဘာလ၆ရက်နေ့တွင်မင်းထန်းကျေးရွာမှဒလန်တစ်းအသတ်ခံရပြီးနောက်ဒီကနေ့တွင်စစ်တပ်ကဝင်ရောက်ခဲ့ပြီးယခုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံတော်လှန်ရေးသမားများထံမှသိရသည်။
“ ကျနော်တို့ကမနေ့ကဒလန်အကြီးကြီးရှင်းဖို့သွားတာမရလိုက်ဘူး။သူကလွတ်သွားတယ်။အခြားဒလန်တကောင်ကိုရှင်းလိုက်တယ်။အဲ့နောက်မှဝင်လာပြီးဒါမျိုးလုပ်တာဗျ။မီးရှို့ခံရတဲ့အိမ်တွေကလည်းPDFတွေအိမ်ဆိုပြီးရှိ့သွားကြတာ” အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဥ◌ီးကဆိုသည်။
ကျေးရွာအတွင်းရှိနေအိမ်၅လုံးကိုမီးရှို့ဖျက်ဆီးပစ်ခဲ့သည့်အပြင်ရွာကျောင်းမှဆရာတော်နှင့်သံဃာတော်၅ပါးကိုဖမ်းဆီးပြီးကား၂စီးကိုယူဆောင်သွားခဲ့သည်။
“ ရွာထဲမှာလူမှမရှိတော့ပဲတွေ့တာဖမ်းသွားတာပဲနေမှာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။
စစ်ကိုင်းအတွင်းရှိကျေးရွာအချို့တွင်လည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာနေအိမ်များကိုဖျက်ဆီးခြင်း၊အစားအသောက်များယူဆောင်ခြင်း၊ပစ္စည်းများခိုးယူခြင်းများပြုလုပ်နေကြောင်းဒေသခံများ၏ပြောပြချက်အရသိရှိရသည်။
အကြမ်းဖက်စစ်တပ်သည်စစ်က်ိုင်းတိုင်း၊မကွေးတိုင်းနှင့်မကွေးနှင့်ချင်းပြည်နှင့်နီးစပ်သောနေများမှကျေးရွာများကိုဝင်ရောက်လျက်ရှိနေပြီးရွာကိုမီးရှို့ခြင်းလက်နက်ကြီးဖြင့်ပြုလုပ်လျက်ရှိနေသည်။
စစ််တပ်၏မီးရှို့မှုကြောင့် အဆိုပါကျေးရွာများမှာနေအိမ်များပျက်ဆီးခြင်းပစ္စည်းများပျောက်ခြင်းလူသေဆုံးမှုများဖြစ်ခြင်းများဖြစ်ပေါ်နေသည့်အတွက် ရွာသားများမှဘေးလွတ်ရာများသို့တိမ်ရှောင်နေကြရသည်။
#အကြမ်းဖက်စစ်တပ် #ဘုန်းကြီးကိုဖမ်းဆီး #MPA #မြောင်