By MPA
စစ်တပ်ကအာဏာသိမ်းမှုမကျူးလွန်မီတွင်ဖမ်းဆီးခြင်းခံခဲ့ရသောရာဇဝတ်သားများကို စစ်တပ်ကချုပ်ရက်ရှည်ကြာသောအကြောင်းပြချက်ဖြင့်အမှုများကို ပိတ်သိမ်းပြီးချက်ချင်းလွှတ်သွားမည်ဖြစ်ကြောင်း စစ်တပ်ပိုင်မြဝတီရုပ်မြင်သံကြားက ဇူလိုင်လ၂၀ရက်နေ့တွင်ကြေညာခဲ့သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၉၊၃၈၀နှင့်၃၇၉၊ ရာဇဝတ်ကျင့်ထုံးဥပေဒေပုဒ်မ၅၄၊၃၈၀၊၅၄၊ သစ်တောဥပဒေ၄၃နှင့်၄၂မှလွဲ၍ကျန်ပြစ်မှုတစ်ခုခု၊လောင်းကစားပြစ်မှု၊ယစ်မျိုးပြစ်မှု၊ခြေချုပ်နှင့်ခံဝန်ပါပြစ်မှုတစ်ခုခု၊မူးယစ်ဆေးဝါးပြစ်မှုပုဒ်မ၁၆နှင့်အားပေးကူညီမှုများ၊ လက်နက်ဥပဒေပုဒ်မ၁၉(င)၊ပြည့်တန်ဆာနှိပ်ကွပ်ရေးပြစ်မှုတစ်ခုခု၊ရဲအက်ဥပဒေပါပြစ်မှုတစ်ခုခုနှင့်ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပါပြစ်မှုတစ်ခုခုတို့အတွက်လွှတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စစ်တပ်အနေဖြင့် အာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်းတွင် ရာဇဝတ်သားများကိုအကြောင်းအမျိူးမျိးပြပြီးလွှတ်ပေးလျက်ရှိပြီးအာဏာသိမ်းပြီးချိန်မှစ၍လက်ရှိအချိန်ထိ အပြစ်မဲ့ပြည်သူ၅၀၀၀ကျော်ကိုဖမ်းဆီးထားသည်။