စစ်ကိုင်းတိုင်းဒေသကြီး၊ခင်ဦးမြို့နယ်ရှိ ကျေးရွာအများအပြားသည် မိုခါမုန် တိုင်းကြောင့် လေပြင်များတိုက်ခိုက်ကာ၊မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် ဒေသခံတောင်သူများ၏စိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါဖြစ်စဥ်သည် မေလ ၁၄ရက်၊ယမန်နေ့တွင် မိုခါမုန်တိုင်းကြောင့် လေပြင်းများကျကာ၊မိုးရွာသွန်းခဲ့မှုကြောင့် ပဲ၊နှမ်းစိုက်ခင်းများနှင့်ကွမ်းခြံအများအပြား ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံတောင်သူများက ဆိုကြသည်။
” ခင်ဦးနယ်ရဲ့ဂျပို့အုပ်စုမှာဆိုရင် ပဲခင်းနဲ့နှမ်းခင်းတွေ တော်တော်လေး ရေနှစ်ကုန်တယ်။ဒီအနီးအနားဝန်းကျင်မှာကို ဧက ၁၀၀ လောက် နစ်ကုန်တာ။ကွမ်းခြံတွေဆိုရင် ဘာမှမရတတ်အောင်ကို လဲကုန်တာ။” ဟု ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ထိုခင်ဦးမြို့နယ်အနောက်ခြမ်းတွင် ကျေးရွာ ၅၀ ကျော်ရှိနေပြီး ဂျပို့အုပ်စု ၊ပေါက်သင့်တုံအုပ်စုနှင့်ရှားတောအုပ်စုတို့တွင်လည်းကွမ်းခြံများအများအပြားပျက်စီးခဲ့ကြောင်းလည်း ဆိုကြသည်။
မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားသော်လည်း မုန်တိုင်းမှအကြွင်း အကျန် တိမ်တိုက်များကြောင့်စစ်ကိုင်း တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ခန့် တိုက်ခိုက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု့ဦးစီးဋ္ဌာနမှ ခန့်မှန်းထားသည်။