“ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့ ရွေးကောက်ပွဲကို ဆန့်ကျင်စို့” လူထုသပိတ်ပွဲအား ဒေသခံ ပကဖများမှ လုံခြုံရေးပေးကာ ကျင်းပခဲ့ကြောင်း ပြည်ကြီးတံခွန်ဆရာတော်မှ မိန့်သည်။
အထက်ပါ သပိတ်ပွဲကို မြောင်မြို့နယ် တစ်နေရာတွင် ပြည်ကြီးတံခွန် သပိတ်အင်အားစု-မန္တလေး၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊T.G.R Women DroneForce နှင့် ဒေသခံပကဖများ ဝန်းရံကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သပိတ်မှောက်ခဲ့ကြောင်း ပြည်ကြီးတံခွန်ဆရာတော်မှ မိန့်သည်။
“ ဒီနေ့နေ့လည် ၁နာရီလောက်က လုပ်တာပါ။ ပြည်သူအင်အား ၁၀၀ကျော်ပါတယ်။ လုံခြုံရေးကတော့ ပကဖတွေ ကာကွယ်ပေးတယ်။ TGR PDFတွေလည်း ကာကွယ်ပေးပါတယ်” ဟု ပြည်ကြီးတံခွန်ဆရာတော်မှ မိန့်သည်။
“ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့ ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဘန်နာစာတန်းချိတ်ဆွဲကာ စစ်ကောင်စီ၏ မတရားရွေးကောက်ပွဲအကြောင်း လူထုအား သက်ဆိုင်ရာခေါင်းဆောင်များမှ ဟောပြောဆွေးနွေးခဲ့ကြသည်။