6 Nov 2022 By MPA ထွန်းလင်း (အတွေးအမြင်ဆောင်းပါး)
အရင်က ဒုတိယအာဏာရှင်သန်းရွှေဟာ စစ်တစ်ပိုင်းဒီမိုကရေစီကို အိပ်မက်မက်ခဲ့ဖူးတယ်။ရိုးရိုးစစ် တစ်ပိုင်းဒီမိုကရေစီတော့မဟုတ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီမပါတဲ့စစ်တစ်ပိုင်ဒီမိုကရေစီလို့ပြော မှမှန်မယ်။သန်းရွှေက လက်တွေ့ကျတယ်။သူကမကထပြုခဲ့တဲ့ ကြံ့ဖွတ်ပါတီဆိုတာ ၂၅ရာခိုင်နှုန်း အကျော ပေးထားလည်း NLDပါတီသာ ရွေးကောက်ပွဲဝင်ရင် သူတို့ကြံ့ဖွတ်အစိုးရဖွဲ့နိုင်တဲ့ ၂၆ရာခိုင်နှုန်းအထိ မဲမနိုင် ဘူးဆိုတာ ကောင်းကောင်းသိတယ်။
ဒါ့ကြောင့် ၂၀၁၀ရွေးကောက်ပွဲကို NLDသေချာပေါက်မဝင်အောင် အကန့်အသတ်တွေလုပ်တယ်။ ၂၀၁၀ရွေးကောက်ပွဲပြီးတော့ သန်းရွှေဖွဲ့ထားပြီးသား ကြံ့ဖွတ်အစိုးရ တက်။ကြံ့ဖွတ်အစိုးရအထိုင်ကျလာပြီ ဖြစ် တဲ့ ၂၀၁၂ခုနှစ်ကျမှ အလျှော့အတင်း ညှိနှိုင်းမှုတွေနဲ့ NLDပါတီကို ကြားဖြတ်ရွေးကောက်ပွဲဝင်စေ။
NLD၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်တာဟာ တောက်လျှောက်ဆိုသလို NLDဆုပ်ကိုင်ခဲ့တဲ့ ၁၉၉၀ ပြည့် နှစ်ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်လိုက်ရတဲ့သဘော။ကြံ့ဖွတ်အစိုးရ၊ကြံ့ဖွတ်လွှတ်တော်နဲ့ ၂၀၀၈အ ခြေခံဥပဒေကို ခံစားမှုအရ ဘယ်လိုပဲ လက်မခံပါစေ ကာယကံမြောက် လက်ခံလိုက်ရတဲ့သဘော။ဘာပဲဖြစ် ဖြစ် တိုင်းပြည်အတွက် နိုင်ငံရေးထွက်ပေါက်တစ်ခု ပွင့်သွားသလို ကြံ့ဖွတ်အစိုးရနဲ့လွှတ်တော်ကိုလည်း နိုင်ငံ တကာအသိအမှတ်ပြုမှုရစေခဲ့တာမို့ နိုင်ငံရေးအကဲခတ်တွေက သူလည်းနိုင်ကိုယ်လည်းနိုင်တဲ့ win-win လို့ဆို ကြတယ်။
အဲဒီတုန်းက ၂၀၁၂ကျမှ ကြားဖြတ်ရွေးကောက်ပွဲဝင်စေပြီး လွှတ်တော်တွင်း NLD အမတ်အင်အား နည်း နည်းနဲ့ အဆန်မအောင်တဲ့အသံ သာထွက်ပေါ်စေတဲ့အခင်းအကျင်းကို ဉာဏ်နီဉာဏ်နက်များတဲ့ သန်းရွှေ ရဲ့ အိုင်ဒီယာလို့ ထင်ခဲ့ကြတယ်။NLD အစိုးရလက်ထက်၊ကြံ့ဖွတ်အတွင်းစည်းထဲကနေ အချက်အလက်သစ် တွေ ထွက်ပေါ်လာတဲ့အချိန်ကျမှ NLDကို စစ်တစ်ပိုင်းဒီမိုကရေစီထဲဝင်လာစေခြင်းအပေါ် သန်းရွှေက လုံးဝလက် မခံမှန်းသိလိုက်ရတယ်။
သန်းရွှေက အဲဒီလိုလက်တွေ့ကျတယ်။သန်းရွှေခိုင်းလို့နိုင်ငံရေးသမားယောင်ယောင်ဖြစ်လာတဲ့ သိန်း စိန်က ပြည်သူအကြောင်း အထူအပါး နားမလည်၊ ၂၅ရာခိုင်နှုန်း အချောင်နှိုက်ထားတဲ့ အခြေခံဥပဒေအရ ၂၀၁၅ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အဆင့် နိုင်မယ်လို့ စိတ်ကူးယဉ်ခဲ့ပြီး တက်တက်စင်လွဲခဲ့တယ်။ပြည်သူ့ အာဏာကို ပြည်သူက ၂၀၁၅ရွေးကောက်ပွဲမှာ မျက်နှာကြောတင်းတင်းနဲ့ပြန်သိမ်းကာ မင်းတို့ဘာတတ်နိုင် သေးလဲလို့ စစ်အုပ်စုကို မေးခွန်းထုတ်လိုက်တယ်။
၂၀၁၅ရွေးကောက်ပွဲအပြီး အငိုက်မိအရှိုက်ထိသွားတဲ့ စစ်အုပ်စုဟာ အာဏာမလွှဲဖို့ အ ကြောင်းပြ စရာ လည်း မရှိတော့ မပေးချင်ပေးချင်နဲ့ အာဏာလွှဲပေးလိုက်ရတယ်။အကြောင်းပြချက်မရှိဘူးဆိုတာက ကြံ့ ဖွတ်အစိုးရခန့် ရွေးကောက်ပွဲကော်မရှင်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ။ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဆိုတာ ကလည်း သိန်းစိန်နဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုတဲ့ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)တင်အေး။ဆိုတော့ NLDပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ပေါင်းပြီး မဲခိုးလို့ နိုင်ပါတယ် ပြောလို့မရ။
၂၀၂၀ရွေးကောက်ပွဲကျတော့လည်း နိုင်ငံရေးဉာဏ်မမီတဲ့ ကြံ့ဖွတ်ပါတီရော မင်းအောင်လှိုင်ကပါ ကြံ့ ဖွတ်၂၆ရာခိုင်နှုန်းနိုင်ပြီး အစိုးရဖွဲ့နိုင်မလားလို့ စိတ်ကူးယဉ်ကြသေးတယ်။မင်းအောင်လှိုင်ရောသန်းဌေးပါ ကြံ့ ဖွတ်အစိုးရဖွဲ့နိုင်ရင် သမ္မတကြီးတက်လုပ်မယ်လို့လည်း ကြိတ်စိတ်ကူးယဉ်ခဲ့ပုံပါပဲ။
ဒါပေမဲ့၊၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူတွေ လက်ဆပြင်းပြင်းနဲ့ ထပ်ပုံအောလိုက်တာ ဒီတစ်သက် တော့ ရိုးရိုးသားသားဒီမိုကရေစီနည်းနဲ့ အာဏာပြန်ရစရာအကြောင်းမရှိတော့ဘူးဆိုတာ မင်းအောင်လှိုင် ကောင်းကောင်းသိခဲ့တယ်။ပိုဆိုးတာက ၂၀၂၁ခုနှစ်မှာ ကာချုပ်အဖြစ်ကနေ မင်းအောင်လှိုင်အငြိမ်းစား ယူရ တော့မှာဖြစ်သလို ကာချုပ်အ သစ်ကိုလည်း သူခန့်ချင်တဲ့သူခန့်ဖို့ ခက်တာပါ။တက်လာ မယ့်ကာချုပ်အသစ် ဟာ NLDအစိုးရနဲ့ ပေါင်းသွားမယ်ဆိုရင် အာဏာနဲ့ သိုက်တူးထားတဲ့ ခိုးထုပ်ခိုးထည်အများကြီးနဲ့ ဘာအာဏာ မှမရှိတော့တဲ့ မင်း အောင်လှိုင်အတွက် ပစ္စည်းလည်းရှုံး၊လူလည်းထောင်ထဲရောက် ဖြစ်သွားနိုင်မလားလို့ သူ့ ကိုယ် သူ သူ့စိတ်နဲ့ နှိုင်းပြီး အကြီးအကျယ်တွေးပူခဲ့ရခြင်းက အာဏာသိမ်းဖို့အတွက် အဓိကကျတဲ့ စေ့ဆော်မှု တစ်ခုလို့ထင်တယ်။
ဒါနဲ့ ဗြောင်ပဲ မဲလိမ်မဲခိုးအကြောင်းပြချက်နဲ့ အာဏာထိန်းပါတယ်လို့ ခေါင်းစဉ်တပ်ကာ အာဏာသိမ်း လိုက်တယ်။အခြေခံဥပဒေနဲ့အညီအရေးပေါ်အခြေအနေ ဆိုပြီး လုပ်ထား တော့ မဖြစ်မနေရွေးကောက်ပွဲလုပ် ပေးရတော့မယ်။ဒါ့ကြောင့် ၂၀၂၃ရွေးကောက်ပွဲဆိုတာကို အသံကောင်းဟစ်နေခြင်းဖြစ်တယ်။ပြီးတော့ ၂၀၂၃ ရွေးကောက်ပွဲဆိုတာ မင်းအောင်လှိုင် မဆင်းမချင်း သမ္မတဖြစ်အောင် မဖြစ်မနေဖွင့်ကိုဖွင့်ရမယ့်တံခါးတစ်ချပ် လည်း ဖြစ်နေပြန်သလို သူ့ဆရာ သန်းရွှေ မအောင်မြင်ခဲ့တဲ့ စစ်တစ်ပိုင်းဒီမိုကရေစီကို လုံးဝစစ်တပ်ကြီးစိုးတဲ့ ဒီမိုကရေစီအဖြစ် အခဲမကျေပွဲ ပြန်နွှဲခြင်းလည်း ဖြစ်တယ်။
အခုမင်းအောင်လှိုင်တို့ပြောနေတဲ့ရွေးကောက်ပွဲ ပီအာစနစ်ဆိုတာကိုလူတိုင်း နားလည် အောင် အဓိ ပ္ပါယ်ဖွင့်ဆိုရရင် ဘယ်ပါတီ ဘယ်လောက်နိုင်နိုင် စစ်အုပ်စုကသာဦးဆောင်ပြီးအစိုးရဖွဲ့ရေးဖြစ်တယ်။စစ်အုပ် စုဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ သမ္မတကတော့ မင်းအောင်လှိုင်ပေါ့။အဲဒီအတွက်လည်း သမ္နတရောဂါအခံရှိတဲ့ ကြံ့ဖွတ်ဥက္ကဌ(ဟောင်း)သန်းဌေးနဲ့ သူ့အုပ်စုကိုပါ အပြတ်ရှင်းထုတ်လိုက်ပြီး မင်းအောင်လှိုင်ကြံ့ဖွတ်ကို အာ ဏာသိမ်း လိုက်ခြင်းဖြစ်တယ်။
၂၀၂၃ရွေးကောက်ပွဲမှာ မင်းအောင်လှိုင်အကြောက်ကြီးကြောက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါ တီလုံးဝမပါစေရုံတင်မက ရာသက်ပန်နိုင်ငံရေးနာလန်မထူနိုင်အောင် အကြမ်းဖက်မြေလှန်တဲ့နည်းကို သုံးနေ ဆဲဖြစ်တယ်။NLDတင်မက သူ့ဦးဆောင်မှုနောက် ကုပ်ကုပ်မလိုက်နိုင်တဲ့ နိုင်ငံရေးပါတီအားလုံးကိုလည်း လက် ခံမှာမဟုတ်ပါဘူး။၂၀၁၀ရွေးကောက်ပွဲတုန်းက သိန်းညွန့်တို့ခင်မောင်ဆွေတို့လို အတိုက်အခံယောင်ယောင် တွေ နည်းနည်းထည့်သလို အခုလည်း ကိုကိုကြီးတို့လို မွန်ညီညွတ်ရေးပါတီတို့လို အာဏာနည်းနည်းရပြီးရော ဆိုတာတွေ နည်းနည်းထည့်လို့ ရွေးကောက်ပွဲကျင်းပဖို့ အိပ်မက်မက်နေလေတယ်။
ပြဿနာက မင်းအောင်လှိုင်လုပ်မယ့် ၂၀၂၃ရွေးကောက်ပွဲကို ပြည်သူအများစုက လက်မခံရုံတင်မက သနလွန်းလို့ တံတွေးတောင် လှည့်မထွေးချင်ဘူးဆိုတဲ့အထိ နာကြတယ်။အနောက်အုပ်စုက လည်း အဲဒီရွေး ကောက်ပွဲကို ဘယ်လိုအကြောင်းနဲ့မှ လက်မခံဘူးလို့ ပြတ်သားတဲ့သဘောထားပေးပြီးသားဖြစ်တယ်။
အရေးပါတဲ့ အိမ်နီးချင်းတရုတ်ကတော့ ရွေးကောက်ပွဲကို လက်ခံတယ်လည်းမပြော၊လက်မခံဘူးလို့ မ ပြောဘဲ အခုလို ဟိုလိုလိုဒီလိုလိုပဲ ဆက်သွားမယ့်သဘောရှိတယ်။ဒေသတွင်းအာဆီယံရဲ့သဘောထားက အ ရေး ကြီးတာမို့ အာဆီယံအနေနဲ့ ရွေးကောက်ပွဲကိုအသိအမှတ်မပြုကြောင်း တရားဝင်ထုတ်ဖော်ပြောဖို့ NUG အစိုးရအနေနဲ့ နိုင်ငံတကာဒီမိုကရေစီမဟာမိတ်တွေနဲ့ပူးပေါင်းပြီး အားထည့်ဖိအားပေးနိုင်ဖို့လိုပါမယ်။
ဒါပေမဲ့၊တစ်ကမ္ဘာလုံးက လက်မခံလည်း မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကို မရမက ဖြစ်အောင် နောက်ဆုံးအဆင့်ထိ ကြိုးစားမှာသေချာတယ်။ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲကနေ တစ်ဆင့် တက်လာတဲ့အစိုးရဆိုတဲ့ အပေါက်မျိုး ချိုးချင်လို့ပါပဲ။
ဆိုတော့ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက် ဖို့ဆိုတာ အရေးကြီးတဲ့အားစမ်းပွဲတစ်ရပ်ဖြစ်လာ တယ်။သေနတ်ရှိတယ်၊အာဏာရှိတယ်၊ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ စစ်အုပ်စုက လုပ်မယ့်ရွေးကောက်ပွဲဖြစ် တာကြောင့် အလွယ်တကူပျက်သွားမှာမဟုတ်ဘူးဆိုတာ နှလုံးသွင်းထားကြဖို့လိုတယ်။အခုNUGအစိုးရလုပ် နေတဲ့ Zoom meeting ထဲကနေ ရွေးကောက်ပွဲပျက်အောင်ဖျက်ဖို့ ကြုံးအော်နေရုံနဲ့ ဘာမှဖြစ်မလာဘူးဆိုတာ လည်းသေချာတယ်။ကိုယ့်ဘာသာ ကိုယ်တတ်စွမ်းတဲ့အစီအစဉ်တွေနဲ့ဖျက်ကြ၊ပြည်သူတွေပူးပေါင်းကြဆိုတာ ဟာ နိုင်ငံရေးဉာဏ်ရည်နိမ့်သူတွေရဲ့ အံ့မခန်း ဗရမ်းဗတာ သာ ဖြစ်ကြောင်းလည်း ကိုယ့်ပေါင်ကိုယ်လှန် ထောင်းရဲဖို့လည်းလိုပါမယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ထကြွမှုအားနည်းတဲ့မြို့တွေမှာ ရွေးကောက်ပွဲဖြစ်အောင်လုပ် နိုင်ခြေရှိတယ်။ဥပမာ-ဧရာဝတီတိုင်းထဲက မြို့တော်တော်များများ၊မွန်ပြည်နယ်ထဲက မော်လမြိုင်၊ချောင်းဆုံ၊ ကျိုက်မရော၊အပေါင်နဲ့မုဒုံတို့လို့မြို့မျိုး။အဲဒီလို မြန်မာတစ်ဝန်းက ခပ်အေးအေးမြို့တွေမှာ ရွေးကောက်ပွဲကို ဖြစ်တယ်ဆိုရုံ အဖြစ်ပြုလုပ်မှာ သေချာတယ်။ဆိုတော့ အဲဒီလိုမြို့တွေမှာ ရွေးကောက်ပွဲမဖြစ်အောင် ဘယ်လို တိုက်ဖျက်ကြမှာလဲ။စစ်အုပ်စုက ပြည်သူတွေကို မဲသွားပေးဖို့ နည်းမျိုးစုံနဲ့ခြိမ်းခြောက်မှာသေချာပါတယ်။ခြိမ်း ခြောက်ခံရမှုကြောင့် ပြည် သူတွေ နည်းနည်းဖြစ်ဖြစ် မဲသွားပေးတာမျိုးမဖြစ်အောင် ဘယ်လို တန်ပြန်ကြမှာ လဲ။
ရွေးကောက်ပွဲကို စနစ်တကျ ဖျက်ပစ်နိုင်ဖို့ဆိုရင် စနစ်တကျ မဟာဗျူဟာမြောက်ချေဖျက်နိုင်မယ့် ဘာလုပ်မလဲဆိုတာကို လမ်းညွှန်ပေးမယ့် ကျစ်ကျစ်လစ်လစ် အဖွဲ့တစ်ရပ်လိုပါတယ်။NUGနဲ့တင်မလုံလောက် ပါဘူး။တော်လှန်ပုန်ကန်ခြင်းအတတ်ကို ပါရဂူမြောက်ကျွမ်းကျင်တဲ့သူတွေကို ဖိတ်ခေါ် အဖြေထုတ်ကြရပါ မယ်။
ဘာလုပ်ကြမလဲဆိုတာ အဖြေရှာပြီးတဲ့အခါ အဲဒီအဖြေတွေအတိုင်း လက်တွေ့ဖော်ဆောင်ကြဖို့ အလုပ်ကော်မတီလိုပါမယ်။အဲဒီအလုပ်ကော်မတီအောက်မှာ စစ်ရေးနဲ့ နိုင်ငံရေးသက်ဆိုင် ရာအဖွဲအစည်း အသီးသီးရှိကြမယ်။အဲဒီအဖွဲ့အစည်းတွေက အလုပ်ကော်မတီရဲ့ တစ်ခုတည်းသောကွပ်ကဲမှုစနစ် အောက် ကနေ ဟန်ချက်ညီစွာတိုက်ကြဖို့လိုပါမယ်။
စနစ်တကျဖျက်မှသာစနစ်တကျပျက်ပါမယ်။စစ်အုပ်စုရွေးကောက်ပွဲတိုက်ဖျက်ရေးဆိုတာကို NUG အစိုးရ ( သို့မဟုတ်) နိုင်ငံရေးအားကောင်းသည့်အစုအဖွဲ့ တစ်ခုခုကသာ ဦးဆောင်လုပ်မှသာ အလုပ်ဖြစ်ပါမယ်။ရွေးကောက်ပွဲ ပျက်အောင်ဖျက်တဲ့ စစ်ရေး၊နိုင်ငံရေးနဲ့နိုင်ငံ တကာ အရေး လှုပ်ရှားမှုကနေ တော်လှန်ရေးအရှိန်ကို ထပ်မြှင့်တင်နိုင်ဖို့ လိုပါတယ်။အချိန်သိပ်မရှိပါဘူး။အ ခုကစလို့ လီဗာကိုခပ်ပြင်းပြင်းနင်းဖို့လိုပါမယ်။