ကြာညှပ် ပြည်သူ ၁၀၀၀ကျော် စစ်ကြောင်းနှင့် လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီးဖြင့်လည်း ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ ဧပြီ၂၅ရက်တွင် ကြာညှပ်မှနေ၍ စစ်ကြောင်းထိုးလာသောကြောင့် ကိုးပင် ၊လက်ပံကုန်း၊ ပုတီးဖြူ ၊ဆယ်ဇင်းကုန်း နှင့်မင်းကုန်းကျေးရွာက...