By MPA
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ စစ်ကောင်စီလက်အောက်ခံ မြင်းမူ ရဲစခန်းမှူး ယမန်နေ့ စက်တင်ဘာ ၂၂ရက် ညပိုင်းကဘီယာဆိုင် ထိုင်နေစဥ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရဲစခန်းမှူးသည် မြင်းမူမြို့တွင်းက ချစ်ချစ်ဘီ ယာဆိုင်အတွင်း ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့် လေးချက်ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
” သူဘီယာဆိုင်ထိုင်နေတုန်း ပစ်ခံလိုက်ရတာ။ သေနတ်သမားက လေးချက်ပစ်သွားတယ်။ အဲ့နားတင်သေတယ်။” ဟု မြင်းမူမြို့ဒေသခံတဦးက MPAသို့ပြောသည်။
မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့မှ “ PDF တွေကို အမှုန့်ကြိတ်ပစ်မယ်” ဟု ကြိမ်းဝါးနေသော စခန်းမှူးအားသုတ်သင်ရှင်းလင်းခဲ့သည်ဟု ၄င်းတို့၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေသား ထုတ်ပြန်ထား သည်။
#မြင်းမူ #ရဲစခန်းမှူး #ပစ်သတ်ခံရ #MPA