စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းကျေးရွာအတွင်း ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၄ဦးသေဆုံး ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်၆နာရီခန့်က ပုလဲမြို့နယ်ထဲရှိ ပျူစောထီးရွာတစ်ရွာဖြစ်သည့် ဇီးဖြူကုန်းရွာထဲက ပျူစောထီးများ၏နေအိမ်ကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်မီးရှို့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း PDF ဂဋ္ဌုန်နက်တပ်ဖွဲ့က တာဝန်ရှိသူကိုဂဋ္ဌုန်ကဆိုသည်။
“ ကျနော်တ်ို့အိမ်တွေမီးရှို့နေချိန်သူတို့နဲ့ထိတွေ့မှုဖြစ်တာပါ၊ပွဲတစ်နာရီလောက်ဖြစ်တယ်၊သူတို့ဘက်ကပျူစောထီးလေးယောက်သေတယ်” ဟု ကိုဂဋ္ဌုန်ကဆိုသည်။
ပျူစောထီး၄ဦးသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍မူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ပျူစောထီးများနှင့် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ်ကလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို သခင်ဒေါင်းညိုအဖွဲ့ကဦးဆောင်ပြီးဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။