[ English Below ]
By MPA
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေသော ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်ကာကွယ်ကုသရေးအတွက် အမျိုးသား ညီညွတ်ရေး အစိုးရ NUG၊ အာဏာသိမ်း စစ်ကောင်စီအပြင် အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံပြီးဖြေရှင်းသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။
“ဒီနေ့ကာလမှာ Covid-19 အခြေအနေဟာ အရေးပေါ်ဖြစ်နေပြီ။ တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးပြဿနာ ဖြစ်နေပြီ။ ဒီပြဿနာကို တစ်ဦးကောင်းတစ်ဖွဲ့ကောင်းနဲ့ အဖြေရှာလို့မရပါဘူး။ ပြည်တွင်းမှာ ရှိတဲ့အင်အားစုတွေ နိုင်ငံတကာ အကူအညီကိုရယူပြီးတော့မှ ပြည်သူတွေအတွက် ဖြေရှင်းရမှာပါဟု” PPST မှ တာဝန်ရှိသူ ရဲဘော်မျိုးဝင်းက MPA သို့ ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အနေဖြင့် အဆိုပါ ကိစ္စများ ဆောင်ရွက်ရန်အတွက် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် ကိုဗစ်ထိန်းချုပ်ရေး ကော်မတီကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ အာဏာသိမ်း စစ်တပ်မှတာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်နေသည့်အတွက် ကိုဗစ်အတည်ပြုလူနာ နေ့စဉ် တိုးပွားလျက်ရှိနေပြီး သေဆုံးသူလည်း များပြားလျက်ရှိနေသည်။ စစ်တပ်မှအာဏာသိမ်းပြီး နောက်ပိုင်းတွင် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် အခက်အခဲများစွာကြုံတွေ့နေရသည်။
#Covid19 #စစ်ကောင်စီ #PPST #MPA
PPST Says They will Cooperate with Other Organizations in Addressing COVID Crisis Besides NUG and Coup SAC
By MPA
The Peace Process Steering Team (PPST) said on July 24 that they would cooperate with respective organizations in addressing and controlling COVID-19 third wave, in addition to the National Unity Government (NUG) and the coup State Administration Council (SAC).
“At the moment, COVID-19 is the emergency case. It has become a national crisis and it can’t be addressed with the effort of a single person or entity. It has to be addressed by the internal organizations with international support,” said a PPST in-charge comrade Myo Win to MPA.
The PPST formed a COVID-19 Control Committee with 11 members on July 24 and it said they would meet and hold a discussion with Ethnic Armed Organizations (EAO), SAC officials and international organizations to handle the crisis.
Currently in Myanmar under COVID-19 third wave, new confirmed patients are increasing each day and the death rates are also rising. After the military’s power takeover, a lot of difficulties have been faced in receiving treatments and in controlling the virus.
#Covid-19 #SAC #PPST #MPA
စစ်ကောင်စီနှင့်တရုတ် ပူးပေါင်းတိုက်ခိုက်နေသော်လည်း လားရှိုးမြို့မှ MNDAA ဆုတ်ခွာနိုင်ခြေမရှိ ဟုဆို
By Ra Wai / MPA စစ်ကောင်စီနှင့်တရုတ် ပူးပေါင်းကာ အပြင်းအထန် တိုက်ခိုက်ဖိအားပေးနေသော်လည်း လားရှိုးမြို့မှ ကိုးကန့်တပ် MNDAA ဆုတ်ခွာနိုင်ခြေမရှိကြောင်း ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ လားရှိုးမြို့မှ ချက်ချင်းဆုတ်ခွာရန် တရုတ်က ကိုးကန့်ဒေသပြည်သူများကို ဖြတ်ငါးဖြတ်စစ်ဆင်ရေး...