By MPA
၁၉၆၂ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့်ဦးလှရွှေကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။
နောက်ဆုံးလက်ကျန်အောက်ဆီဂျင်ပြတ်ပြီးသေဆုံးသွားကြောင်း၎င်း၏သမီးဖြစ်သူကလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
ဦးလှရွှေသည်ဗိုလ်နေဝင်းဦးဆောင်သည့်စစ်တပ်ကကျောင်းသားသမဂ္ဂအဆောက်အဦဖြိုဖျက်ခဲ့သည့်သမိုင်းဝင်နေ့ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ကျောင်းသားတစ်ဦးဖြစ်သည်။ဦးလှရွှေသည်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၏အတွင်းရေးမှူးဟောင်း၊အိုးဝေမဂ္ဂဇင်းအယ်ဒီတာဟောင်းဖြစ်ပြီးနိုင်ငံရေးစာများကိုအောင်သာ(PPP)ဟူသောစာများကိုရေးသားခဲ့သည်။
#ABFSU ##ဗကသ #ဦးလှရွှေ #ကွယ်လွန် #MPA
ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ
By Nway / MPA ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဝက်ထီးကန်တိုက်နယ်၊ ပျဥ်းမအိုင်ရွာ နေ အသက် ၃၀...