ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ဘာဒိုကျေးရွာမှ ဒေသခံရွာသားတစ်ဦးသေဆုံးခဲ့သည်။
ဒီကနေ့နံနက် ၉နာရီကျော်တွင်အကြမ်းဖက်စစ်တပ်ကဘာဒိုရွာထဲသို့လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့မှုကြောင့်သေဆုံးသွားခဲ့ရကြောင်း PKPF(Progressive Karenni People Force) ကသတင်းထုတ်ပြန်ထားသည်။
စစ်တပ်မှတမင်သက်သက်ပစ်ခတ်လိုက် လက်နက်ကြီး တမင်သက်သက်ပစ်ခတ်မှုကြောင့်အိမ်ပေါ်မှာ လက်ကြီးကျလာ၍ထိခိုက်ဒဏ်ရသွားခြင်းပြီးနောက်သေဆုံးသွားရခြင်းဖြစ်ကြောင်း PKPFကဆိုသည်။
ဒီကနေ့နံနက်ပိုင်းတွင် ကရင်နီပြည်နယ်လွိုင်ကော်မြို့အနီးတဝိုက်တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်တပ်က ယခုကဲ့သို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်စစ်ကိုင်းတိုင်း နှင့်မရေးတပ်များအကြားတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိနပြီး စစ်တပ်အနေဖြင့် စစ်အင်အားအလွန်အကျွံအသုံးပြုခြင်း၊လက်နက်ကြီးအသုံးပြုခြင်းများအပြင် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းများကိုပါပြုလုပ်လျက်နေရှိနေသည်။
Photo – လက်နက်ကြီးထိသည့် ဒေသခံရွာသားတစ်ဦးကို ဆေးကုသပေးနေသည်ကို ဒီဇင်ဘာ ၂၄ ရက်နေ့ကတွေ့ရစဉ်