Photo – Myanmar Pressphoto Agencay
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦးထံမှ လက်နက်/ခဲယမ်းနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရရှိပြီးနောက် သာကေတမြို့နယ်ရှိ ACE Group of Companies အတွင်းသို့ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ၀င်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သေနတ် နှစ်လက်နှင့် မူးယစ်ဆေးဝါးအချို့ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီး၊ နှိပ်စက်ခံရသူ ၆,၄၀၀ ကျော်ရှိဟုဆို
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံရသူ စုစုပေါင်း ၆,၄၅၁ ဦးရှိကြောင်း နယူးမြန်မာဖောင်ဒေးရှင်း၏ Human Rights Program မှ ၂၀၂၃ ခုနှစ်၊ လူ့အခွင့် အရေးချိုးဖောက်မှုများမှတ်တမ်း နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။ အထက်ပါစာရင်းမှာ...