ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်မှ မီးဘေးသင့်ပြည်သူ ၁၁၂ ဦးသည် အရေးပေါ်စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း We Love Care လူမှုဘ၀စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ရက်၊ နေ့လယ် ၁၁နာရီခွဲခန့်တွင် အမှတ် ၁၂ရပ်ကွက်၊ မဉ္ဇူလမ်းနှင့် ဗေဒါလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပြီး၊ မိနစ် ၃၀ခန့် ငြိမ်းသတ်ခဲ့ရသည်။
“ အိမ်ထောင်စု ၂၆စုပါ၊ မီးဘေးသင့်ပြည်သူ (၁၁၂) ဦးပေါ့၊ အခုလက်ရှိမှာ စောင်၊ ခြင်ထောင်နဲ့ မီးဖိုချောင်သုံး အိုးခွက်၊ ပန်းကန်တို့၊ ဖိနပ်တို့ အသုံးအဆောင်ပစ္စည်းတွေ လာလှူဒါန်းတဲ့သူကတော့ မရှိသေးပါဘူး၊ အဲဒါတွေ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဆန်နှင့် ဆီ လာရောက် လှူဒါန်းသူများရှိသော်လည်း မီးဘေးသငင့်ပြည်သူ အရေအတွက် များပြားသောကြောင့် လုံလောက်မှု မရှိသေးကြောင်းလည်း ကူညီပေးနေသူများထံမှ သိရသည်။
“ မီးစလောင်တဲ့နေ့ကတည်းက ဘုန်းကြီးကျောင်မှာဘဲ ထားထားတာ၊ ဘုန်ကြီးကျောင်းထဲမှာ Camp တစ်ခုလို လုပ်ပြီးနေကြတာပါ” ဟု မီးဘေးသင့်ပြည်သူများကို ကူညီနေသူတစ်ဦးက ပြောသည်။
“ မီးစလောင်ပြီးတဲ့နေ့ကတည်းက ဘုန်းကြီးကျောင်းမှာပဲ ထားထားတာ၊ ဘုန်းကြီးကျောင်းထဲမှာ Camp တစ်ခုလို လုပ်ပြီး နေနေကြတာပါ” ဟု မီးဘေးသင့်ပြည်သူများကို ကူညီနေသူတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် မီးဘေးသင့်ပြည်သူများကို ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ ရွှေပြည်သာရွာမ ဘုန်းကြီးကျောင်းတွင် ထားရှိထားကြောင်း သိရသည်။