ရန်ကုန်မြို့၊သင်္ကန်ကျွန်းမြို့နယ်၊ သံသုမာလမ်း၊မြင်သာမှတ်တိုင်၊ မြင်သာ ကညနရုံးအနီးတွင်ဒီက နေ့ စက်တင်ဘာလ ၁၂ရက်နေ့ ၁၁နာရီ ၄၅မိနစ် ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်းမြို့ခံတစ်ဦးထံမှ သိရသည်။
” ခုနလေးတင်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ ၁၅မိနစ်လောက်ပဲရှိသေးတယ်။ ဘာတွေ ထိသွားလဲတော့မသိဘူး။ ထွက်မကြည့်ရဲဘူး” ဟု အဆိုပါရုံးအနီးနေထိုင်သူတစ်ဦးက MPAကို ဆက်သွယ်ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်များက လမ်းများကိုပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
စစ်ကောင်စီက စက်တင်ဘာလ ၁၃ရက်မှ စတင်၍ ရုံးများပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး သက်တမ်းတိုးရန်ရှိသောကားများနှင့် ကနဦးလိုင်စင်ဝင်မည့် ကားများအား ပြုလုပ်ပေးနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရန် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကညနရုံးများအားညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါဖြစ်နဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရှိမရှိကိုတော့ MPAက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
Explosion at Myinthar RTAD (KaNyaNa) Office
By MPA
Yangon’s Thingangyun township, Than Thumar StreetAn explosion reportedly occurred at Myinthar bus stop, near the office of Road Transportation Administration Department (RTAD, ‘KaNyaNa’ in Burmese acronym), on September 12 at about 11: 45am, according to a resident.
“It just exploded. A big sound. It’s only been about 15 minutes. No idea what were damaged. I dare not go out and watch,” a resident in the area contacted and said to MPA.
After the explosion, the SAC military blocked roads and carried out security checks.
The SAC will reopen offices on September 13 and has directed the RTAD offices under the SAC-controlled Ministry of Transportation and Communication to be well-prepared for the work of renewing cars and to provide license for new ones.
MPA has not been able to confirm any casualties in the explosion yet.