ယနေ့ညပိုင်းတွင် တရားစွဲခံရမှု မလွတ်မြောက်သေးသည့် အမျိုးသားရေး ဆရာတော် ဦးဝီရသူမှ ပိတ်ဖြူဝတ်လျက် အကြမ်းဖက် အာဏာသိမ်း စစ်တပ် ထောက်ခံသူများနှင့် အမျိုးသားရေး လှုပ်ရှားသူများ စုဖွဲ့ထားသည့် လူမှုကွန်ရက် Facebook Group မှ Live တစ်ခု ထုတ်လွှင့်ခဲ့သည်။
“ သူက Live လွှင့်ရာမှာ ကိုဗစ်ကပ်ဘေး ကိစ္စလည်း ကင်းဝေဖို့ ပြောသွားတယ်။ သူပြောတဲ့ စကားထဲ မှတ်မှတ်ရရ ရှိတာက နတ်ဖွက်ထားရာက ကိုယ်ထင်ပြလို့ရတဲ့ အခိုက်အတန့် မြန်မာပြည်သူတွေအတွက် ပရိတ်တရားနဲ့ မေတ္တာပို့တာပဲ ဆိုတာ။ ဝါဒ ဖြန့်ဖို့ သက်သက် ထုတ်ပြတာဗျ။ သူ့ Live က ၂၅ မိနစ်လောက်ကြာတယ်။ ပြီးတော့မှ ပျောက်သွားတယ်” ဟု အဆိုပါ Live ကို ကြည့်ခဲ့သူတစ်ဦးက ပြောသည်။
၎င်းသည် စစ်တပ် အာဏာသိမ်းပြီး မေလကတည်းက လက်အကြောကပ်သည့် ရောဂါဖြင့် မဂ်လာဒုံ စစ်တပ်ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေကြောင်း စစ်တပ်နှင့် အကျဥ်းဦးစီးဌာန အသိုင်းအဝိုင်းက သိရသည်။
“သူက ၅လပိုင်းထဲက အင်းစိန်ထောင်ကနေ အပြင်ဆေးရုံကိုရောက်နေတာ” ဟု စစ်ဆေးဆရာဝန် တစ်ဦးက ပြောသည်။
ဦးဝီရသူသည် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှု မပြုမီ ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဝရမ်း အထုတ်ခံထားရပြီး ၂၀၂၀ နိုဝင်ဘာ ၂ ရက်တွင် လာရောက် အဖမ်းခံကာ အနောက်ပိုင်း ခရိုင် တရားရုံးတွင် ပုဒ် ၁၂၄-က ဖြင့်တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
အကျဥ်းသားလက်စွဲ ဥပဒေအရ မည်သည့် အကျဥ်းသားမဆို တယ်လီဖုန်းကိုင်ခွင့် မရှိသလို ထောင်အပြင် ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူနေချိန် တယ်လီဖုန်း မကိုင်ရ၊ ထောင်အာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ မိသားစု အပါအဝင် မည်သည့်ဧည့်သည်မှ လက်ခံ တွေ့ဆုံခွင့် မရှိပေ။
ထိုသို့ ပြုလုပ်လျှင် အကျဥ်းထောင် ဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၆ လအထိ ထပ်မံ အပြစ်ပေးကြောင်း အကျဥ်းထောင် အက်ဥပဒေတွင် ပြဌာန်းထားသည်။
လက်မောင်းအကြောကပ်ရောဂါဖြင့် စစ်ဆေးရုံတွင် တက်ရောက်ခံယူနေရသည်ဟူသော ဦးဝီရသူမှာ အင်းစိန်ထောင်တွင်း၌ မရှိသည်မှာနှစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးချိန် မှယနေ့အထိ အကျဥ်းသားများကို အကြိမ်ကြိမ် လွှတ်ပေးခဲ့ သော်လည်း ဦးဝီရသူပါဝင်ခဲ့ခြင်း မရှိပေ။
ဦးဝီရသူ၏ မွေးနေ့တွင် အမျိုးသားရေး လှုပ်ရှားသူများက စုပေါင်းပြီး မဂ်လာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် သွေးလှူဒါန်းမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင် ဆရာတော်တပါးဖြစ်ပြီး ဘာသာအချင်းချင်း အမုန်းပွားနိုင်သည့်တရားများကို ပေါ်ပေါ်ထင်ထင် ဟောကြားလေ့ရှိပြီး အာဏာသိမ်းပြီး လက်ရှိအချိန်တွင် သတင်းအစအနပျောက်နေသော စစ်တပ်အမာခံထောက်ခံသူတစ်ဦး ဖြစ်သည်။
သို့ရာတွင် ဘူးလတ် အပတ်စဥ်ထုတ် ဂျာနယ်တွင် သက်န်းဖြူ ဆရာတော် ကလောင်ဖြင့် အမျိုးသားရေးနှင့် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ထောက်ခံသည့် ဆောင်းပါးများ ဆက်လက်ရေးသားနေလျှက်ရှိသည်။
#ဝီရသူ #စစ်ကောင်စီ #အမျိုးသားရေး
Although Not Released Yet from Prison, U Wirathu Went Live on a Facebook Group of Military Supporters and Nationalist Activists Tonight…
This evening, the nationalist Sayadaw U Wirathu wearing white robes went live on a Facebook Group of the terrorist coup military supporters and nationalist activists although he has not been released from prison yet.
“In the live, he talked about the COVID pandemic to be away. What stood out from what he said was he said that he showed up in a moment of physical manifestation while being hidden by the Spirits to share love for the people of Myanmar.
Clearly it was for a sheer propaganda. It lasted about 25 minutes. After that, he went away,” said one who watched the live.
He has been in Mingaladon Military Hospital for forearm tendinitis disease since May, according to the military and prison department communities.
“He’s been in a hospital outside the Insein Prison since May,” said a military doctor. U Wirathu had been issued an arrest warrant since 2019 before the coup and he submitted himself on November 2, 2020 at the Western District Court and was charged on section 124(a).
According to the prisoner manual, no prisoner is allowed to possess a phone.
During medical treatment in hospitals outside the prison, no phones are allowed and no meeting with anyone including family members is allowed without the permission of the authorities.
If violated, a six-month prison extension can be applied on breaking the prison law according to what is prescribed in the prisons act.
U Wirathu who is said to be receiving medical treatment for forearm tendonitis has been out of the Insein Prison for over two months.
In a series of prison releases after the coup, U Wirathu has not been included.
On his birthday, nationalist activists held a blood donation at 1000-bedded Mingaladon Military Hospital.
U Wirathu is a Buddhist Sayadaw who has bluntly preached controversial sermons which can cause hostility between religions and he is a strong military supporter who has been out of sight since the coup.
However, he has been writing nationalist and terrorist military supporting articles in the Buu Latt, a weekly newspaper by a pen name, White Robe Sayadaw.
#Wirathu #SAC #Nationalist #MPA