ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြော က်ပိုင်းတွင် ဖေဖော်ဝါရီလ ၇ ရက်၊ ယ နေ့နံနက်ပိုင်းအထိ ပစ်ခတ်သံများကိုကြားနေရသဖြင့် တိုက်ပွဲများထပ်မံဖြ စ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။
” ဒီနေ့လည်း သေနတ်သံတွေထပ်ကြားရပါတယ်။ တိုက်ပွဲထပ်ဖြစ်နေကြတယ်လို့ထင်ပါတယ်။ ဘယ်နေရာလဲဆိုတာတော့ အတိအကျမသိရပါဘူး။” ဟုဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
အဆိုပါနေရာမှာ မောင်တောမြို့နယ်မြောက်ပိုင်း ၊မင်္ဂလာညွန့်ကျေးရွာအ နောက်ဘက်တောထဲတွင်ဖြစ်ပြီး ယမန်နေ့၊ နေ့လယ် ၃ နာရီခန့်ကလည်း အကြမ်းဖက်စစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အေအေဖက်ကအတည်ပြုထားသည်။
“မြန်မာစစ်တပ်ဖက်ကနေပြီး ထပ်ပြီးထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေတာဖြစ်တယ်။ ဒီနေ့ မွန်းလွဲ ၃နာရီမှာ တိုက်ပွဲစဖြစ်တယ်။ ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှ တိုက်ပွဲပြီးသွားတာပေါ့။ ဒါပေမယ့်လို့ မြန်မာစစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ ထပ်ပြီးတော့ ဆက်တိုက်ပစ်နေတာတော့ ရှိတယ်ဗျ။”ဟု ယမန်နေ့ညက ခိုင်သုခက MPA သို့ ပြောဆိုထားသည်။
ထိုနေရာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း AA တပ်စွဲထားသည့်နေရာသို့ အကြမ်းဖက်စစ်တပ်၏ ခမရ(၃၅၂ ) စစ်ကြောင်းမှ ရုတ်တရက်ဝင်ရောက်ကာ လက်ဦးမှုယူပစ်ခတ်သည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
ထိုအပြင် အကြမ်းဖက်စစ်တပ်ဖက်မှ ရခိုင်ရှိ အခြားမြို့နယ်များတွင်လည်း စစ်ရေးလှုပ်ရှားမှုများနှင့်ဒေသခံပြည်သူများအား စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
” ကျောက်တော်မြို့မှာ ညမထွက်ရအမိန့်ထုတ်လာသလို စစ်သားတွေမြို့ထဲထိဝင်ရောက်လှုပ်ရှားလာကြပါတယ်။ ဒေသခံတချို့ကို ခေါ်ယူမေးမြန်းတာတွေ ရှိနေပါတယ်။” ဟု ကျောက်တော်မြို့ခံ တစ်ဦးက MPA သို့ပြောသည်။
မောင်တောမြောက်ပိုင်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်က အရာရှိများအပါအဝင် အများအပြားသေဆုံးကြောင်းလည်း ဒေသခံများက ဆိုသည်။
ရခိုင်မှာတိုက်ပွဲများလက်ဆက်ဖြစ်ပွားလာနိုင်၊ မလာနိုင်ဆိုသည်မှာအကြမ်းဖက် စစ်တပ်အပေါ်မှာသာ မူတည်ကြောင်း ရက္ခိုင့်တပ်တော်(AA)ဖက်က MPA သို့ဖြေဆိုထားသည်။
( ရခိုင်ရှိ တိုက်ပွဲသတင်းများအား ဆက်လက်စုံစမ်းပြီး နောက်ထပ်ဖော်ပြပေးပါမည် )