လှိုင်သာယာမြို့နယ်တွင် စစ်တပ်တပ်စွဲထားသော အထည်ချုပ်စက်ရုံကိုဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းလှိုင်သာယာမြို့ပြပြောက်ကျားအဖွဲ့(Civil Guerrilla Force HTY)ကထုတ်ပြန်လိုက်ပါသည်။
လှိုင်သာယာရှိ စစ်တပ် တပ်စွဲထားသည့်အထည်ချုပ်စက်ရုံကို ဩဂုတ်လ၂၃ရက်နေ့ ည၁၀နာရီအချိန်တွင် အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီးစစ်သားနှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
ထိုသို့ဖောက်ခွဲမှုပြုလုပ်ရခြင်းမှာ ဒီကနေ့နံနက်ပိုင်းက သမိုင်းမြို့သစ်တွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်အတွက်လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ကထုတ်ပြန်ထားသည်။
မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက် ရွှေဝါထွန်းလမ်းရှိ နေအိမ်တစ်ခုကို ဒီကနေ့ နံနက် ၉ နာရီကျော်တွင် အကြမ်းဖက်စစ်တပ်မှ ဝင်စစ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်လက်တုံ့ပြန်သွားမည်ဟု မြို့ပြပြောက်ကျားအဖွဲ့က ဒီကနေ့နေ့လယ်ပိုင်းတွင်ထုတ်ပြန်ထားရှိပြီး ညအချိန်တွင် ယခုကဲ့သို့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။