မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ ဆေးခန်းရှေ့တွင် စစ်ကောင်စီတပ်ကို အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား၃ဦး သေဆုံးသွားကြောင်း Earthquake People’s Defence Force ကသတင်း ထုတ်ပြန်သည်။
မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမကျေးရွာစက်တွင်းမှ ထွက်လာသော စစ်သား၁၂ဦးပါသည့်ခြေ လျင် စစ် ကြောင်း ကို ယနေ့(မတ်လ ၂၀ရက်)နံနက် ၁၁နာရီခွဲခန့်တွင် မိုင်း ၃လုံးပွိုင့် နှစ်ပွိုင့်ဆွဲပြီး နောက် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ စစ်သားတွေက စက်တွင်းကနေ ရွာထဲကိုလာကြတာ။ ကိုင်းတောမဆေးခန်းရှေ့ရောက်တဲ့အချိန် ကျနော်တို့က မီတာ၃၀အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ပစ်ခတ်ချိန် ၁၅မိနစ်လောက်ရှိတယ်” ဟု Earthquake Peoples Defense Force အဖွဲ့မှ သတင်းပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေး တာဝန်ခံကိုပိန်ကပြောသည်။
ကိုင်းတောမကျေးရွာ ဆေးခန်းရှေ့တွင် စစ်သား ၃ဦး လဲကျသေဆုံးခဲ့ပြီး ကျန် စစ်သားများမှာ ထွက်ပြေးသွားကြကြောင်း သိရသည်။
“ သေတဲ့စစ်သားတွေက နေရာမှာတင် ပွဲချင်းပြီးတယ်။ သေနတ်ကလည်း သေတဲ့သူဆီကကောက် နိုင်ခဲ့တာ။ သေတဲ့ထဲက တစ်ယောက်ကိုတော့ထမ်းပြေးသွားတယ်။ တခြားသေတဲ့ ၂ယောက်အ လောင်းကတော့ ကျန်ခဲ့တယ်” ဟု Pakokku People’s Defense Force တာဝန်ခံကပြောသည်။
ယင်းတိုက်ပွဲမှ MA1 သေနတ်၁လက်၊ MA3 သေနတ်၁လက်၊ ကျည်ဘောက် ၆ခု၊ ကျည်ဆန် ၁၂၀၊ ဘေးလွယ်အိတ် ၁လုံးနှင့် ဖုန်း၂လုံးတို့သိမ်းဆည်းရမိပြီး အဆိုပါဖုန်းများထဲမှ သေဆုံးသွားသော စစ်သားများ၏ ဓာတ်ပုံနှင့် အချက်အလက်အချို့ ရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ မြိုင်ပကဖ အဖွဲ့ဝင်ဖြစ်သော တပ်ရင်း၁ ၊ တပ်ခွဲ၄ ( စင်္ကြာ) ၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့ ၊ မဟာမိတ်တပ်ပေါင်းစု(MUGDF ၊ James Bond ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂၊ ၆၊ ၇)၊ မြိုင် ပ.က.ဖ IO အဖွဲ့၊ Pakokku People’s Defense Force ၊ Young Force UG နှင့် Earthquake People’s Defense Force တို ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။