ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ် သည် မေလ ၂၃ရက်နေ့ နံနက် ၇နာရီကျော်အချိန်က လုံဟောရွာရှိ လူနေအိမ် ၂လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာ သားများကအတည်ပြုပြောသည်။
အဆိုပါတပ်သည် မေလ ၂၂ရက်နေ့၊ နံနက် ၈နာရီခွဲအချိန်တွင် လုံဟောရွာ အတွင်းသို့ စတင်ဝင်ရောက်လာပြီး မေ လ ၂၃ရက် နံနက် ၇နာရီကျော်အချိန်တွင် ကျေးရွာအတွင် သို့လက်နက်ကြီး ၊လက်နက်ငယ်များရမ်းသမ်းပစ်ခတ်ကာ နေအိမ် ၂လုံးကို မီးရှို့ခဲ့ခြင်းဖြစ် သည်ဟု ဆိုကြသည်။
“ မီးရှို့ခံရတဲ့အိမ်မှာ PDF အင်္ကျီနဲ့ခါချိုးသေနတ်အဟောင်းတွေ့တာကြောင့် အိ မ်ကိုမီးရှို့တာ။” ဟု ဒေသခံတစ််ဦးက MPA သို့ ပြောသည်။
ထိုအပြင်ကျေးရွာအတွင်းရှိနေအိမ်များကိုမွှေနှောက်ကာပစ္စည်းများကိုယူ ဆောင်သွားကြောင်းလည်း ရွာသားများက ဆိုကြသည်။
ထိုစစ်ကြောင်းထိုးနေစဥ်အတွင်း ဒေသ ခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေကြောင်း ဆိုကြသည်။