ရှမ်းပြည်နယ်မြောက်ပိုင်းတစ်နေရာရှိ NUG အသိအမှတ်ပြု တပ်ရင်းဖြစ်သည့် PDF 512တပ်ရင်းရှိ အဆောက်အ အုံများ မိုခါမုန်တိုင်းကြောင်း ပျက်စီးခဲ့ကြောင်း ထိုတပ်ရင်းမှအတည်ပြုပြောသည်။
အဆိုပါတပ်ရင်းရှိအဆောက်အဦးများသည် မေလ ၁၄ ရက်၊ယမန်နေ့ည၈နာရီအချိန်ခန့်က မိုးမပါဘဲ လေပြင်းများတို က်ခဲ့သဖြင့်သစ်ပင်များကျိုးကျကာ မြေစိုက်တဲ ၁၂ လုံး ပျက်စီးခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။
” လေစတိုက်ပြီး တစ်နာရီလောက်ကြာတော့ သစ်ပင်တွေလဲ ကျိုးကျ၊ ဝါးပင်တွေလည်း လဲကုန်တာ။အပင်နဲ့လွတ်တဲ့တဲတွေမှာ ရဲဘော်တွေရွှေ့ခိုင်းပြီး နေကြတော့ အထိအခိုက်မရှိဘူး။” ဟု သတင်းပြန်ကြားတာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မြေစိုက်တဲများပေါ်သို့ သစ်ကိုင်းများကျိုးကျခဲ့တာကြောင့် အုပ်မိုးထားသည့် မိုးကာ အများအပြား ပျက်စီးခဲ့သည်ဟုဆိုကြသည်။
” ကျနော်တို့ခက်ခဲနေတယ်ဆိုတာ အ သေးအမွှားလေးပါ။တပြည်သူတွေ ရင် ဆိုင်နေရတဲ့ဒုက္ခက ပိုကြီးမားပါတယ်။ ပြည်သူတွေအတွက်ပိုပြီးစိတ်ပူမိပါတယ်ဗျာ။တချို့မိုးကာတွေလည်းပြန်ပြုပြင်ပြီး သုံးရင် ကောင်းသွားမှာပါ။ဟု ၎င်းက ဆက်ပြောသည်။
ထိုမိုခါမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်သို့ဖြတ်ကျော်ဝင်ရော က်ခဲ့သည့်အပြင် မကွေး၊စစ်ကိုင်းနှင့်ရှမ်းမြောက်သို့လည်း ဝင်ရောက်ခဲ့သည်။