မန္တလေးတိုင်း၊ စဥ့်ကူးမြို့ နယ်၊သဲအင်းရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦး ကို မီးရှို့သတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က မတ်လ ၁၀ရက်နေ့တွင် သဲအင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မတ်လ ၁၂ရက်နေ့ ၌ ကျေးရွာအတွင်းရှိ ပြည်သူ ၁၀ဦးကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း PDF ဗိုလ်ကျားကြီးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဓားစာခံအဖြစ် ဖမ်းဆီးခံလိုက်ရသူများထဲမှ PDF ရဲဘော်တစ်ဦးနှင့် အခြား နှစ်ဦးကို မတ်လ ၁၂ ရက်နေ့ ညနေတွင် စစ်တပ်က မီးရှို့သတ်ခဲ့ကြောင်း ၎င်းကပြောသည်။
” အသတ်ခံရတဲ့ထဲမှာ PDF ရဲဘော်တစ်ဦးပါတယ်၊ကျန်တဲ့နှစ်ယောက်ကသူ့အမျိုးတွေ၊ တခြားအဖမ်းခံထားရသူတွေကို မတ္တရာကို စစ်ကောင်စီက ခေါ်သွားတယ်” ဟု၎င်းကဆိုသည်။
စစ်ကောင်စီတပ်က ၎င်းတို့၃ဦးကို လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်နှိပ်စက်ပြီးနောက် အသတ်မသေသေးဘဲ မီးရှို့ခဲ့ခြင်း ဖြစ်ပြီး အရိုးပြာများကို မတ်လ ၁၅ရက်နေ့ကျမှ သွားရောက်ယူဆောင်န်ိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး မတ်လ ၁၅ရက်နေ့တွင် ရွာထဲမှ ပြန်ထွက်သွားခဲ့သည်။
အသတ်ခံလိုက်ရသည့် PDF ရဲဘော်မှာ ဗိုလ်ကျားကြီးအဖွဲ့ က မောင်ဖိုးသဲဆိုသူဖြစ်သည်။