By MPA 001
ယခု မွန်းလွဲ၁နာရီခွဲအချိန်ထိ အင်းစိန်ထောင်တွင်းရှိ လွတ်ငြိမ်းခွင့်ရအကျဉ်းသားများကို ပြန်မလွှတ်သေးကြောင်းသိရသည်။
အကျဉ်းသားအချို့၏ မိသားစုဝင်များသည် အင်းစိန်ထောင်ဗူးဝရှေ့တွင် ၄နာရီကျော်စောင့်ဆိုင်း နေကြရပြီး မွန်းလွဲ၁နာရီခန့်က မိုးရွာသွန်းသော်လည်း ဆက်လက်စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း MPA ၏ မြေပြင်သတင်းထောက်က ဆိုသည်။
“ သူတို့က ဘယ်အချိန်လွှတ်မလဲဆိုတာ တိတိကျကျမပြောသေးဘူး။စောင့်နေရတာကြာနေပြီ။အခုထိဘာမှလည်းမသိရသေးဘူး။ကိုယ့်လူပါလာပါစေပဲ ဆုတောင်းနေရတာပေါ့” ဟု အကျဉ်းသားမိသားစုဝင်တစ်ဦးကပြောသည်။
လက်ရှိတွင် အင်းစိန်တံတားအဆင်းရှိ အင်းစိန်အကျဉ်းထောင် ထောင်ဗူးဝရှေ့၌ ပြည်သူ ၂၀၀ကျော်စောင့်ဆိုင်းနေကြောင်း MPAက စုံစမ်းသိရသည်။
Photo – MPA