တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ် မြို့တော် ချန်ရှားတွင် အထပ် ၄၂ ထပ်ရှိသည့် တယ်လီကွန်အဆောက်အအုံတစ်ခု မီးအကြီးအကျယ် လောင်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြလာသည်။
မီးလောင်မှုသည် ယနေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာများအထက်တွင် တွေ့မြင်ရသည့် ဗီဒီယိုဖိုင်များအရ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းခဲ့သည်ကို တွေ့ရှိရသည်။
အခင်းဖြစ်ပွားရာသို့ မီသတ်ကား ၃၆ စီးနှင့် မီးသတ်သမား ၂၈၀ အထိသွားရောက်ခဲ့ရပြီး မီးငြှိမ်းသတ်မှုများပြုလုပ်ခဲ့ရသည်ဟု သိရှိရသည်။ ကနဦးသိရှိရသည့် သတင်းအများအရ မီးလောင်မှုတွင် အသေအပျောက်မရှိခဲ့ကြောင်း ဟူနန်မီးသတ်ဌာနက အသိပေးထားသည်ဟုဆိုသည်။