ကရင်နီ(ကယား)ပြည်နယ် နယ်နိမိတ်အတွင်းသို့ စစ်ကောင်စီလက်ကိုင်တုတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ဌာနေပြည်သူ့စစ် PNO/PNA တပ်များ ကျူးကျော်ဝင်ရောက်လာသဖြင့် ဒေသခံပြည် သူများ သတိဖြင့်နေထိုင်ကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF က သတိပေးလိုက်သည်။
အဆိုပါ PNO/PNA တပ်ဖွဲ့ သည် ယနေ့ (သြဂုတ် ၂၆) ရက်နေ့တွင် ဖယ်ခုံ အင်း အစပ်နားသို့ ကျူး ကျော်ရောက်ရှိနေ၍ တိုက်ပွဲများဖြစ်ပေါ်လာနိုင် သဖြင့် ဒေသခံများထံသတိပေးခြင်းဖြစ်ကြောင်း သိရသည်။
PNO/PNA အနေဖြင့် စစ်ကောင်စီတပ်များနှင့်ပူးပေါင်း၍ နယ်မြေကျူးကျော်မှု အကြောင်းပြ၍ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF/KNDF)များအား ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် ပအို့ဝ်လူငယ်အင်အားစု ၁၁ စုမှ လည်း ကန့်ကွက်ကြောင်း သြဂုတ်လ ၁၈ ရက်နေ့က သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်အသေးစိတ်အား သိရှိနိုင်ရန် ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ခေါင်း ဆောင်တစ်ဦးအား ဖုန်း ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယခုလအတွင်း ကယားပြည်နယ်အတွင်း တိုက်ပွဲ များပြင်းထန်နေပြီး KNDFအနေဖြင့် စစ်ကောင်စီ တပ်များအပြင် အဆိုပါ ပအိုဝ့်တပ်ဖွဲ့များဖြင့်ပါ စစ်ရေးရင်ဆိုင်နေရကြောင်း သိရသည်။
Pa-O Militia Trespasses over Karenni (Kayah) State Territory and KNDF Warns Local Residents
Following the SAC’s agent, Pa-O National Organization / Pa-O National Army (PNO/PNA), trespassing and entering the territory of the Karenni (Kayah) State, the Kareni Nationalities Defense Force (KNDF) has warned the residents to stay cautious.
The PNO/PNA forces have now arrived near Phekon on August 26 and the local residents were warned of potential clash breakouts.
The PNO/PNA are cooperating with the SAC military and are launching attacks on the local People’s Defense Forces (PDF) and KNDF on the excuses of territorial aggression. Regarding this, eleven Pa-O youth forces had also issued a statement on August 18 objecting their move.
For more details, we tried to contact the KNDF leader but he could not be reached.
Intense clashes are breaking out in Kayah State these days and not only the SAC military but the Pa-O militia also faced battles.