ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)အကြပ် သင်တန်းဆင်းပွဲ ကို မေလ ၁၁ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
NCO (အကြပ်) သင်တန်းကာလမှာ ၅လဖြစ်ပြီး ယင်းသင်တန်းသို့ ရဲဘော်နှင့်ရဲမေအယောက် ၇၀ တက်ရောက်သင်ကြားခဲ့သော်လည်း ၄၇ ဦးသာ သင်တန်းအောင်မြင်ကြောင်း BPLAက ယနေ့ထုတ်ပြန်ထားသည်။
“ စစ်တိုက်မယ်ဆိုရင် စစ်သားစစ်စစ်ဖြစ်ဖို့လိုတယ်။ အရပ်သားဆန်ချင်လို့မရဘူး။ ။ ကျနော်ကိုယ်တိုင်တောင် အဲ့ဒါကို နားလည်ယုံကြည်သွားဖို့ တစ်နှစ်လောက်ကြာခဲ့ပါတယ်။စစ်သားစစ်ဖြစ်မှပဲ အထက်အောက်အမိန့်ကို နာခံတတ်မယ်။ အပြန်အလှန်လေးစားမှုရှိမယ်။ စစ်စည်းကမ်းတွေကို လိုက်နာလာမယ်။ သုံ့ပန်း၊ ဒလန်စတာတွေနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လေးစားလာမယ်။ သတင်းလုံခြုံမှုအားကောင်းမယ်။ စစ်အောင်နိုင်ခြေပိုများလာမယ်။ တော်လှန်ရေးမြန်မြန်အောင်မြင်မယ်။အဲ့ဒါကြောင့် တော်လှန်ရေးထဲက ဟိုမရောက် ဒီမရောက်ဖြစ်နေတာတွေ ပြန်ပြင်ကြရမယ်” ဟု BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ရက်နေ့က ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တည်ထောင်ခဲ့သည်မှာ နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။