By MPA
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း COVID-19 ရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်နေသဖြင့် သီးသန့်ထောင်ကို မည်သူမျှဝင်ထွက်ခွင့်မပြုဘဲ ၂ပတ်ကြာ lockdownချထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
၄င်း သီးသန့်ထောင်အတွင်းရှိ အကျဥ်းသားများအား တရားရုံးထုတ်စစ်ဆေးခြင်း၊ ထောင်ဝင်စာတွေ့ခွင့်များ ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ကျန်အဆောင်များအနေဖြင့် lockdown ချထားခြင်းမရှိကြောင်း သိရသည်။
” ကျွန်တော်တို့ ထောင်ထဲမှာ သီးသန့်အဆောင်နဲ့ထားတဲ့ထောင်ပေါ့ ။ အဲဒီအဆောင်ကို lockdown ချထားတယ်။ ရုံးထုတ်တာတွေလည်း ရပ်ထားတယ်။ ထောင်ဝင်စာတွေ့ခွင့်ကိုလည်း ဆိုင်း ထားမယ်။ တခြားအဆောင်တွေက ပုံမှန်အတိုင်းဘဲ။” ဟု ရန်ကုန်မြို့ အကျဥ်းဦးစီးဌာန ဝန်ထမ်းတစ်ဦး က MPAသို့ပြောသည်။
အင်းစိန်ထောင်အတွင်း COVID-19 ရောဂါပိုးကူးစက်မှုမရှိသေးသော်လည်း ယင်းသီးသန့်ထောင် မှတဆင့် အခြားအဆောင်များသို့ ကူးစက်မည်ကို စိုးရိမ်သောကြောင့် ယင်းသို့ lockdown ချ ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုလဆန်းပိုင်းက အင်းစိန် CID တွင် သင်တန်းတက်ရောက်နေသော ရဲအရာရှိသင်တန်းသား ၁၀၀ ကျော် အစုလိုက် အပြုံလိုက် ကိုဗစ်ရော ဂါကူးစက်ခံထားရပြီး ထောင်တွင်း ကူးစက်မှုဖြစ် ပွားမည်ကို စိုးရိမ် နေကြောင်းသိရသည်။
Photo- MPA