“ အဓိက တောထဲမှာ စစ်ဘေးရှောင်နေရတဲ့ ညီအစ်မတွေ၊ တော်လှန်ရေးညီအစ်မတွေက ရောက်ရှိတဲ့နေရာဒေသတွေမှာ pad ရဖို့အခက်အခဲဖြစ်နိုင်တယ်။ ဝယ်ယူဖို့ အခက်အခဲရော၊ ငွေကြေးအခက်အခဲရောရှိနိုင်တယ်။ အခြားညီအစ်မတွေလည်း လစဥ်သုံးဝယ်ဖို့ ခက်ခဲတာတွေရှိနိုင်တော့ သူတို့တွေအတွက် အဓိကရည်ရွယ်ထားပါတယ်။ လစဥ်သုံး pad တွေကို ဝယ်သုံးဖို့မတတ်နိုင်တဲ့အခါမျိုးမှာ ဒီ ပြန်လျှော်ဖွပ်သုံးလို့ရတဲ့ pad လေးတွေက အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပါတယ်”
(Sandra - ပရော့ဂျက်တာဝန်ခံ) အာဏာသိမ်းကာလကြာမြင့်လာသည်နှင့်အမျှ ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်စည်ဈေးနှုန်းများ၊ သယ်သူပို့ဆောင်စရိတ်များ မြင့်တက်လာမှုကြောင့် အမျိုးသမီးလစဥ်သုံးပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လာခဲ့သည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော စစ်ဘေးသင့်ရာဒေသများနှင့် စစ်ဖြစ်ပွားရာဒေသများက အမျိုးသမီးများအတွက်...
Read more